Africa & Middle East
လက်ဘနွန်တောင်ပိုင်းရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ကုလသမဂ္ဂ စွပ်စွဲ
ဘေရွတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့(UNIFIL) က နိုဝင်ဘာ ၁၆ ရက်၌ စွပ်စွဲပြောဆိုခဲ့သည်။လက်ဘနွန်ပိုင်နက်နယ်မြေအတွင်း အစ္စရေးတပ်ဖွဲ့နေရာယူထားသည့်အနီးရှိ Merkava တင့်ကားတစ်စီးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခြေကျင်သွားလာနေသည့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့် ငါးမီတာခန့်အကွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်ဟု UNIFIL ကပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ အကာအကွယ်ယူပြီးနောက် ချက်ချင်းဆိုသလို UNIFIL ဆက်သွယ်ရေး ချန်နယ်များမှတစ်ဆင့် ပစ်ခတ်မှုရပ်တန့်ရန် အစ္စရေးတပ်ဖွဲ့များထံ ဆက်သွယ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ တင့်ကားနောက်ကြောင်းပြန်သွားပြီးနောက် မိနစ် ၃၀ ခန့်တွင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြခဲ့သည်။
“အနီးရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအပေါ် မည်သည့် ရန်လိုသည့် အပြုအမူမဆိုနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်” အစ္စရေးတပ်ဖွဲ့များအား UNIFIL က တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂဝန်ထမ်းများသည် ဒေသတွင်း တည်ငြိမ်ရေးပြန်လည်ရရှိရန် လုပ်ဆောင်ရာတွင် အကူအညီပေးနေခြင်းဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
ဂါဇာစစ်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာအပြီး နယ်စပ်ပဋိပက္ခများ စတင်ကတည်းက UNIFIL စခန်းနေရာများသည် အကြိမ်များစွာ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်။ အစ္စရေးနှင့်ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲထားသော်လည်း ဟစ်ဇဘိုလာ၏ခြိမ်းခြောက်မှုများကို ကိုးကားကာ အစ္စရေးက လက်ဘနွန်တွင် အခါအားလျော်စွာ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်လျက်ရှိပြီး နောက်ဆုံးထားဆုတ်ခွာရမည့် ဖေဖော်ဝါရီ ၁၈ ရက် ကျော်လွန်သည့်တိုင် နယ်စပ်နေရာများကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
UN accuses Israeli forces of firing near peacekeepers in S. Lebanon
BEIRUT, Nov. 16 (Xinhua) — The United Nations Interim Force in Lebanon (UNIFIL) said on Sunday that Israeli forces opened fire near its peacekeepers in southern Lebanon, calling the incident a “serious violation” of UN Security Council Resolution 1701.
UNIFIL said Israeli troops fired from a Merkava tank positioned near an Israeli post inside Lebanese territory, with heavy machine gun rounds landing about five meters from peacekeepers on foot.
The peacekeepers took cover and immediately contacted the Israeli forces through UNIFIL liaison channels to halt the firing, the statement said. They were able to withdraw safely about 30 minutes later after the tank retreated. No injuries were reported.
UNIFIL called on the Israel Defense Forces to “cease any aggressive behavior and attacks on or near peacekeepers,” emphasizing that UN personnel are working to help restore stability in the region.
UNIFIL positions have been targeted several times since cross-border clashes erupted after the Gaza war began in October 2023. Despite a ceasefire between Israel and Hezbollah, Israel has continued periodic strikes in Lebanon, citing Hezbollah threats, and has maintained border positions past a Feb. 18 withdrawal deadline.
Photo : An injured peacekeeper receives treatment following an Israeli drone attack in Sidon, Lebanon, on Nov. 7, 2024. (Photo by Ali Hashisho/Xinhua)
