Connect with us

Videos

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဝိမ့်အန်း-မာချန်ဖိန် ရထားလမ်း တောင်ဘက် တိုးချဲ့လမ်းပေါ်တွင် တံတားရက်မတင် သံလမ်းခင်းခြင်းပြီးစီး

တူးယွင်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁၆ ရက်တွင် နောက်ဆုံး ရထားသံလမ်းအပိုင်းကို တိကျစွာတပ်ဆင်ခြင်းပြီးဆုံးခဲ့သည်နှင့်အမျှ China Railway 20th Bureau Group မှ တာဝန်ယူတည်ဆောက်သော တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဝိမ့်အန်း-မာချန်ဖိန် ရထားလမ်း တောင်ဘက်တိုးချဲ့အပိုင်း၏ တံတားရက်မတင် သံလမ်းခင်းခြင်းလုပ်ငန်းသည် အောင်မြင်စွာပြီးဆုံးခဲ့သည်။ ယင်းသည် ဝိမ့်အန်း-မာချန်ဖိန် ရထားလမ်း တောင်နှင့်မြောက် တိုးချဲ့လမ်း တည်ဆောက်ရန်၊ ဖွင့်လှစ်သွားလာနိုင်ရန်အတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်။

ဝိမ့်အန်း-မာချန်ဖိန် ရထားလမ်း တောင်နှင့်မြောက် တိုးချဲ့လမ်း၏ စုစုပေါင်းအရှည်မှာ ၁၄၈ ကီလိုမီတာ ရှိပြီး အမြန်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှုန်း စံချိန်ဖြင့်တည်ဆောက်ထားသည်။ ဤရထားလမ်းသည် ချန်နန်ပြည်နယ်ခွဲ၏ ဖော့စဖိတ်ကျောက်နှင့် ကျောက်မီးသွေးစသည့် ကုန်ပစ္စည်းများ စုပေါင်းပို့ဆောင်ရေးအတွက် အရေးပါသောလမ်းကြောင်းဖြစ်သလို ကွေ့ကျိုးပြည်နယ် ဒေသ အရင်းအမြစ်ဆိုင်ရာရထားလမ်း၏ အဓိကစီမံကိန်းလည်းဖြစ်သည်။ (Xinhua)
…………………
(Chinese Version)
贵州瓮马铁路南延伸线架梁铺轨完成
新华社照片,都匀(贵州),2025年11月16日
11月16日,随着最后一组轨排精准落地,由中铁二十局承建的贵州瓮马铁路南延伸线架梁铺轨工程顺利完工,为瓮马铁路南北延伸线建成通车奠定基础。 瓮马铁路南北延伸线全长148公里,按时速120公里标准建设,是黔南州磷矿石、煤炭等多种货物集运的重要通道,也是贵州地方资源型铁路重点工程。
图说1:这是11月16日拍摄的贵州瓮马铁路南延伸线(上)架梁铺轨完成的绿荫湖1号桥(无人机照片)。 新华社记者 杨文斌 摄
图说2:11月16日,工人在贵州瓮马铁路南延伸线绿荫湖2号中桥施工(无人机照片)。新华社记者 杨文斌 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.