North America
ICC အကြီးတန်းအစိုးရရှေ့နေက အစ္စရေးအရာရှိများအား လျှို့ဝှက်ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့
ဂျေရုဆလမ်၊ မေ ၁၈ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အကြီးတန်းအစိုးရရှေ့နေက အစ္စရေးအရာရှိများအား လျှို့ဝှက်ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့ကြောင်း အစ္စရေး “Haaretz” သတင်းဌာနက မေ ၁၇ ရက်တွင် သတင်းအရင်းမြစ်၏ စကားကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါ ဖမ်းဝရမ်းသည် အစ္စရေးနိုင်ငံရေးသမား နှစ်ဦးနှင့် စစ်အရာရှိနှစ်ဦးကို ပစ်မှတ်ထားကြောင်း၊ လျှောက်လွှာတင်သွင်းသည့် အချိန်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
ICC အစိုးရရှေ့နေသည် အစ္စရေးဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich နှင့် အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir တို့အား ဖမ်းဝရမ်းများထုတ်ပြန်ရန် စီစဉ်နေသည်ဟု ယင်းမတိုင်မီ သတင်းများတွင် ဖော်ပြထားသည်။ အစ္စရေး၏ ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ဂျူးလူမျိုးအခြေချနေထိုင်ရာနေရာအား တိုးချဲ့ခြင်းတွင် ထိုအရာရှိနှစ်ဦး၏ အခန်းကဏ္ဍနှင့် ၎င်းတို့သည် “ဂျီနီဗာကွန်ဗင်းရှင်း” သက်ဆိုင်ရာ စည်းကမ်းများအား ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိကို အစိုးရရှေ့နေက စုံစမ်းစစ်ဆေးနေခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ICC က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant အပေါ် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့အား “၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှ အနည်းဆုံး ၂၀၂၄ ခုနှစ် မေ ၂၀ ရက် ကာလအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ရောမသဘောတူညီချက်” နှင့်အညီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်နှင့် စာချုပ်ချုပ်ဆိုထားသော နိုင်ငံများသည် ဥပဒေအရ လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပြီး ၎င်းတို့ နိုင်ငံအတွင်း ဝင်ရောက်သည်နှင့် ထိုဖမ်းဝရမ်းထုတ်ခံရသူများကို ဖမ်းဆီးသင့်သည်။ (Xinhua)
…………………………….
(Chinese Version)
以媒称国际刑事法院检察官已申请对数名以官员签发“秘密逮捕令”
新华社耶路撒冷5月17日电(记者庞昕熠 冯国芮)以色列《国土报》17日援引消息人士的话报道说,国际刑事法院首席检察官已申请对数名以色列官员签发“秘密逮捕令”。
报道说,该逮捕令针对两名以色列政治人士和两名军官,申请发出的具体时间尚不清楚。
此前有报道称,国际刑事法院检察官计划对以财政部长斯莫特里赫和国家安全部长本-格维尔签发逮捕令。检察官曾调查这两名官员在以色列扩张约旦河西岸犹太人定居点方面发挥的作用,以及其是否违反《日内瓦公约》相关规定。
2024年11月,国际刑事法院对以色列总理内塔尼亚胡和以色列前国防部长加兰特发出逮捕令,指控他们“自2023年10月8日到至少2024年5月20日期间犯有反人类罪和战争罪”。根据《国际刑事法院罗马规约》,国际刑事法院一旦签发逮捕令,缔约国有法律义务予以执行,应在当事人进入本国境内时实施逮捕。(完)
图说:以色列总理办公室3月17日在社交媒体上说,以总理内塔尼亚胡下令“消灭”伊朗政府高级官员。帖文发布了他与军方人士一起打电话的图片。新华社发
