North America
ရုရှားရေနံပိတ်ဆို့မှု ကင်းလွတ်ခွင့်သက်တမ်းကို အမေရိကန် ထပ်မံတိုးမြှင့်
နယူးယောက်၊ မေ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်း ရေနံပို့ဆောင်မှုအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် သက်တမ်းကို အမေရိကန်က နောက်ထပ် ရက်ပေါင်း ၃၀ ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က မေ ၁၈ ရက်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရက်ပေါင်း ၃၀ သက်တမ်းရှိ ယာယီအထွေထွေလုပ်ပိုင်ခွင့်တစ်ရပ်ကို ထုတ်ပြန်ပေးလျက်ရှိသည်ဟု ဘက်ဆင့်က ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် နောက်ဆက်တွဲ ကြေညာချက်အရ ရုရှားပင်လယ်ရေကြောင်းရေနံပို့ဆောင်မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇွန် ၁၇ ရက်အထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲ ဖြစ်ပွားခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေးများ ပြတ်တောက်ခြင်း ဖြစ်ပေါ်ပြီးနောက် နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မတ် ၁၂ ရက်မှ ဧပြီ ၁၁ ရက်အထိ သင်္ဘောတင်ဆောင်ပြီးသော ရုရှား ရေနံစိမ်း သို့မဟုတ် ရေနံထုတ်ကုန်ပစ္စည်းများအား ရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ကုန်ချမှု စသည့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးပြီး ဧပြီ ၁၇ ရက်မှ မေ ၁၆ ရက်အထိ အဆိုပါကင်းလွတ်ခွင့်အစီအမံကို သက်တမ်းတိုးခဲ့သည်။ ထိုမတိုင်မီ အမေရိကန်နိုင်ငံသည် ၎င်းနိုင်ငံပြည်တွင်းသက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများ သို့မဟုတ် အုပ်ချုပ်ရေးအမိန့်များအရ ယင်းကဲ့သို့သော အရောင်းအဝယ်လှုပ်ရှားမှုများကို တားမြစ်ခဲ့သည်။ (Xinhua)
—————-
(Chinese Version)
美国再次延长对俄石油制裁豁免期限
新华社纽约5月18日电(记者刘亚南 徐静)美国财政部长贝森特18日通过社交媒体宣布,美国财政部已决定将对俄罗斯海运石油制裁豁免期限再延长30天。
贝森特说,美国财政部正在发布一份为期30天的临时一般许可。
根据美国财政部外国资产控制办公室随后发布的公告,美国对俄罗斯海运石油制裁豁免将被延长至美东时间6月17日。
中东战事爆发和霍尔木兹海峡航运中断后,外国资产控制办公室授权允许从美东时间3月12日至4月11日对已经装船的俄罗斯原油或石油产品进行销售、交付和卸货等交易,并在4月17日至5月16日延续这一豁免措施。美国此前依据国内相关法规或行政令禁止此类交易活动。(完)
1. 这是5月1日在美国首都华盛顿拍摄的国会大厦。 新华社记者 李睿 摄
