Connect with us

North America

အမေရိကန်က ကျူးဘားအပေါ် “အင်အားသုံးတိုက်ခိုက်” နိုင်ခြေ တိုးတက်လျက်ရှိသည်ဟု အမေရိကန် မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့် တက်ရောက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်က ကျူးဘားအပေါ် ချမှတ်ဖော်ဆောင်သော ဖိအားပေးအစီအမံများသည် ထိရောက်မှုမရှိသောကြောင့် အမေရိကန်သည် စစ်ရေးဆိုင်ရာ ရွေးချယ်ချက်များကို ယခင်ထက် ပို၍ ထည့်သွင်းစဉ်းစားလာကြောင်း အမေရိကန် Politico သတင်းဝက်ဘ်ဆိုက်၏ မေ ၁၈ ရက် ဆောင်းပါးတွင် ဖော်ပြခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်သည် အမေရိကန်က ကျူးဘားအပေါ် ဖိအားပေးလှုပ်ရှားမှုများကို “စိတ်ပျက်လက်ပျက်” ဖြစ်နေကြောင်း၊ “အမေရိကန်ဘက်က ဗင်နီဇွဲလားနိုင်ငံအပေါ် လှုပ်ရှားမှုတွေနဲ့ ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများစွာက ကျူးဘားကို ကြောက်လန့်စေပြီး သူတို့ကို သဘောတူညီချက်ရရှိဖို့ ဖိအားပေးလိမ့်မယ်လို့ ကနဦးက ယူဆခဲ့ကြတယ်။ ဒါပေမဲ့ အခု အီရန် အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး ကျူးဘားပြည်သူတွေဟာဆိုရင် အစပိုင်းထင်ထားတာထက် များစွာ ရဲရင့်အားကောင်းနေတာကြောင့် စစ်ရေးအရ ရွေးချယ်ချက်များဟာ စားပွဲဝိုင်းပေါ် ရောက်ရှိလာတယ်” ဟု အမေရိကန်အရာရှိနှင့် သက်ဆိုင်ရာ သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန်စစ်တပ် တောင်ပိုင်းဒေသစစ်ဌာနချုပ်က ပြီးခဲ့သော သီတင်းပတ်အနည်းငယ်တွင် အစည်းအဝေးခေါ်ယူကျင်းပခဲ့ပြီး ကျူးဘားအပေါ် အလားအလာရှိသော စစ်ရေးလှုပ်ရှားမှု အစီအစဉ်များကို စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ လှုပ်ရှားမှုအတိုင်းအတာတွင် တစ်ကြိမ်တည်း လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်မှ ကျူးကျော်ဝင်ရောက်မှု စသည်တို့ ပါဝင်နိုင်သော်လည်း ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်မဟုတ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ “ပင်တဂွန်စစ်ဌာနချုပ်၏ တာဝန်မှာ ကောင်းမွန်စွာ ပြင်ဆင်ထားရမည်ဖြစ်သော်လည်း ယင်းအား သမ္မတက ဆုံးဖြတ်ချက်ချလိုက်ပြီဟု မဆိုလိုပါ” ဟု ဖော်ပြထားသည်။
လတ်တလောတွင် အမေရိကန်ဘက်က ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများကို မြှင့်တင်ခဲ့ပြီး အမေရိကန်တပ်များ အီရန်စစ်ပွဲမှ ပြန်လာသည့်အခါ “ကျူးဘားကို သိမ်းပိုက်မည်” ဟူသော ပြောဆိုချက်များ အပါအဝင် ကျူးဘားအား အင်အားသုံးတိုက်ခိုက်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်ဘက်၏ စစ်ရေးခြိမ်းခြောက်မှုသည် “အန္တရာယ်များ၍ မကြုံစဖူးအတိုင်းအတာ” အထိ မြင့်တက်လာသော်လည်း ကျူးဘားအနေဖြင့် အညံ့ခံမည်မဟုတ်ဘဲ နိုင်ငံအချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်ကြောင်း ကျူးဘားဘက်က တုံ့ပြန်ခဲ့သည်။ (Xinhua)

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို ရှုတ်ချသော ကြော်ငြာဘုတ်အရှေ့မှ ဖြတ်လျှောက်သွားသူများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
美媒称美对古巴“动武”可能性在增加
新华社华盛顿5月18日电 美国《政治报》网站18日刊文称,由于美国对古巴采取的施压手段并未奏效,美国正比以往更认真地考虑军事选项。
报道援引美方官员及相关知情人士的话称,美国总统特朗普正对美方向古巴的施压行动感到“沮丧”。“美方最初认为在委内瑞拉的行动以及对古巴的一系列制裁会吓住古巴,迫使他们达成协议。但现在伊朗局势已失控,古巴人比一开始想象的要强硬得多,军事行动选项因此被放上桌面。”
报道称,美军南方司令部过去几周内召开会议,开始起草对古巴的潜在军事行动计划,行动规模可能包括单次空袭、地面入侵等,但不会立即付诸行动。“五角大楼的职责是做好准备,但这并不意味着总统已经做出决定。”
美方近期加大对古巴制裁,并多次威胁对古巴动武,包括声称将在美军结束对伊朗战事返回之际“接管古巴”。古巴方面回应,美方军事侵略威胁升至“危险且前所未有的程度”,但古巴不会屈服,将坚决捍卫国家主权和独立。(完)
图说1:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)
图说2:2025年11月5日,在古巴首都哈瓦那,行人从谴责美国对古巴封锁的宣传牌前走过。新华社发(华金·埃尔南德斯摄)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117