Media
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်က ခမ်းနားလှသော လိပ်ပြာရေတံခွန်
ကျင်းဖိန် (ယူနန်)၊ မေ ၁၉ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟယ်ပြည်နယ်ခွဲ ကျင်းဖိန်ခရိုင်ရှိ တရုတ်နိုင်ငံ ဟုန်ဟယ်လိပ်ပြာလျှိုမြောင်၌ ၁၀ နှစ်တာအတွင်း လိပ်ပြာပမာဏ အများဆုံး ပေါ်ထွက်မှု ဖြစ်လာခဲ့သည်။ Stichophthalma howqua လိပ်ပြာအကောင်ရေပေါင်း ထောင်သောင်းချီက ပိုးအိမ်မှ ထိုးဖောက်ကာ တောင်တန်းလျှိုမြောင်များကြားတွင် ပျံသန်းစုဝေးပြီး အင်မတန်ခမ်းနားသော လိပ်ပြာရေတံခွန် ရှုခင်း ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာပေါ်တွင် လိပ်ပြာအစုအဖွဲ့နှင့် အရင်းအမြစ် ဖြန့်ကြက်တည်ရှိမှု အကြွယ်ဝဆုံး ဒေသများအနက် တစ်ခုအနေဖြင့် တရုတ်နိုင်ငံ ဟုန်ဟယ် လိပ်ပြာလျှိုမြောင်သည် နှစ်စဉ် နွေဦးရာသီအကုန် နွေရာသီအစပိုင်းကာလတွင် လိပ်ပြာများ အများအပြားပေါ်ထွက်သည့် သဘာဝရှုခင်း ပေါ်ထွက်လေ့ရှိသည်။ (Xinhua)
——————
(Chinese Version)
生态奇观:云南金平现“蝶瀑”景象
新华社照片,金平(云南),2026年5月15日
近日,云南红河州金平县的中国·红河蝴蝶谷迎来近十年最大规模蝴蝶大爆发。万千箭环蝶破茧而出,在山谷间翩跹汇聚,形成蔚为壮观的“蝶瀑”景象。
作为世界上蝴蝶种群和资源分布最丰富的地区之一,中国·红河蝴蝶谷每年春末夏初都会上演蝴蝶大爆发的自然盛景。
