Connect with us

Africa & Middle East

တရုတ်နိုင်ငံက မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၅,၇၀၀ လှူဒါန်း

မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှုကျန်အား တွေ့ရစဉ် (ဆင်ဟွာ)

မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အား နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ဂျို့စ် ပတ်ချီကို (Jose Pacheco) နှင့် မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ရှုကျန် (Su Jian) တို့က ပြီးခဲ့သည့် သီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်၌ မိုဇမ်ဘစ်အစိုးရက ပြောကြားခဲ့သည်။

ယင်းသို့လှူဒါန်းခြင်းသည် နှစ်နိုင်ငံအကြား တည်ထောင်ခဲ့သည့် မိတ်ဖက်ဆက်ဆံရေးမူဘောင်အရ နှင့် ၂၀၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ပေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဖီလစ်ပီနျူစီ (Filipe Nyusi) ၏ ခရီးစဉ်ရလဒ် တစ်ခုအပါအဝင်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင်လည်း တရုတ်နိုင်ငံက မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၁၇,၀၀၀ ပေးပို့ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117