Africa & Middle East
တူရကီနိုင်ငံက သြစတြေးလျနိုင်ငံသားISအဖွဲ့ဝင်ကို ၇နှစ်၅လ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်
အန်ကာရာ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အစ္စလာမ်နိုင်ငံ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းသည့်အတွက် သြစတြေးလျအမျိုးသားတစ်ဦးကို ထောင်ဒဏ် ၇နှစ်နှင့်၆လ ကျခံစေရန် တူရကီနိုင်ငံက မတ် ၁၅ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
တူရကီ အရှေ့တောင်ဘက် Kilis ပြည်နယ်သို့ ဆီးရီးယားနိုင်ငံဘက်မှ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးစားခဲ့သည့် Neil Christopher Prakashကို ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ကြောင်း သိရသည်။လက်ရှိတွင် Prakashကို တူရကီနိုင်ငံ၏ အရှေ့တောင်ဘက် Gaziantepပြည်နယ်တွင် ချုပ်ရက်ရမန်ယူကာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ၎င်းသည် အကျဉ်းထောင်မှ တရားရုံးနောက်ဆုံးကြားနာမှု ကို ဗီဒီယိုလင့်မှ တစ်ဆင့်တက်ရောက်ခဲ့ကြောင်းသိရသည်။
သြစတြေးလျနိုင်ငံအတွင်းတွင်လည်း ၎င်းတိုက်ခိုက်မှုများစီစဉ်နေခဲ့ပြီး ISစစ်သွေးကြွများကို စုဆောင်းနေကြောင်း သြစတြေးလျအစိုးရက စွပ်စွဲခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်အတွင်း Anzac Day အခမ်းအနားအတွင်း တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ Anzac Day သည် သြစတြေးလျနိုင်ငံ၏ အမျိုးသားနေ့ဖြစ်ပြီး ပဋိပက္ခများအတွင်း သေဆုံးခဲ့ခြင်းနှင့် တာဝန်ထမ်းဆောင်ခဲ့သည့်သူများကို သြစတြေးလျပြည်သူများ၏ သတိရအောက်မေ့ဖွယ်အခမ်းအနားဖြစ်ကြောင်း သိရသည်။သြစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းအား နိုင်ငံသားဖြစ်တည်မှုမှ ပြီးခဲ့သည့် ဒီဇင်ဘာလက ရုပ်သိမ်းခဲ့ကြောင်း သိရသည်။(Xinhua)