Connect with us

North America

ထရမ့်က လာမည့် သီတင်းပတ်တွင် တောင်ပိုင်းနယ်စပ်အား ပိတ်ပစ်မည်ဟု ခြိမ်းခြောက်

အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုးတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရားမဝင် ရွှေ့ပြောင်းသွားလာသူများအရေး နှင့် ပတ်သက်၍ အငြင်းပွားမှုရှိနေသည့်ကြားတွင် လာမည့် သီတင်းပတ်အတွင်း မက္ကဆီကိုနိုင်ငံနှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်းနယ်စပ်ဂိတ်အား ပိတ်ပစ်ရန် မတ်လ ၃၀ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

“မက္ကဆီကိုနိုင်ငံကနေ တောင်ပိုင်း နယ်စပ်ကတစ်ဆင့် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေ အားလုံးကို ချက်ချင်းမရပ်တန့်ဘူးဆိုရင် လာမယ့် သီတင်းပတ်မှာ နယ်စပ်ကို ပိတ်ပစ်တာ ဒါမှမဟုတ် ကြီးမားတဲ့ အတားအဆီးတွေ လုပ်ရလိမ့်မယ်” ဟု ထရမ့်က တွစ်တာပေါ်၌ ရေးသားထားသည်။

အမေရိကန်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ရန် မြောက်ပိုင်းသို့ ဦးတည်လာသည့် တရားမဝင် ရွှေ့ပြောင်းမှုများ မရပ်တန့်သည့်အတွက် မက္ကဆီကိုနိုင်ငံနှင့် ဗဟိုအမေရိကနိုင်ငံများအား ထရမ့်က ဝေဖန်ပြောကြားပြီး တစ်ရက်အကြာ အထက်ပါ ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117