Connect with us

Africa & Middle East

ဒူဘိုင်းကုန်စည်ပြပွဲ၂၀၂၀ တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံတက်ရောက်ရန်ရှိ

ဒူဘိုင်းကုန်စည်ပြပွဲ၂၀၂၀ ပြပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဒူဘိုင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ဒူဘိုင်းကုန်စည်ပြပွဲ ၂၀၂၀ ပွဲကို နိုင်ငံပေါင်း ၁၂၀ တက်ရောက်ရန်ရှိကြောင်း၊ ထိုနိုင်ငံများမှ နိုင်ငံတကာပွဲအားပူးပေါင်းပါဝင်မည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကုန်စည်ပြပွဲမှ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၆ ရက် တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ state-run သတင်းဌာန WAM မှ ဖော်ပြခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နိုင်ငံများအားလုံးကို ခွဲခြားမှုမရှိပဲ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ပြောထားတဲ့အတိုင်း နိုင်ငံတကာပြပွဲကြီးကို ကောင်းမွန်တဲ့လမ်းကြောင်းနဲ့ ကျင်းပသွားမှာဖြစ်တယ်’’ ဟုတရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

ထိုကုန်စည်ပြပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် ၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၀ ရက် နှင့် ၂၀၂၁ ဧပြီ ၁၀ရက် ကြားတွင် ကျင်းပမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ၊ ကဏ္ဍစုံမှ လူများအတွက် ကြီးကျယ်သော တွေ့ဆုံပွဲဖြစ်ကြောင်း သိရရသည်။

အဆိုပါပွဲတွင် လာရောက်ကြသူများ အနေဖြင့် ၎င်းတို့ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပတ်သက်သည့် ရှေ့ဆက်ရန် အတွက် စိန်ခေါ်မှုများ၊ လူအဖွဲ့အစည်း ၏ တွန်းအား နှင့် ပတ်သက်၍ မျှဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117