Connect with us

Africa & Middle East

အီရန် နိုင်ငံက ၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအား Fars ပြည်နယ်တွင် စတင် လည်ပတ်

အီရန် နိုင်ငံ Fars ပြည်နယ်၌ ၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

တီဟီရန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံက ၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအား ဖားစ်(Fars) ပြည်နယ် တောင်ပိုင်း Abadeh မြို့၌ စတင် လည်ပတ်ခဲ့ကြောင်း Eghtesadonline က ဧပြီ ၂၉ ရက်တွင် တင်ပြမှု အရ သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံက အီရန် နိုင်ငံ တောင်ပိုင်းတွင် အကြီးဆုံး စက်ရုံ တစ်ရုံ ဖြစ်ပြီး ဧပြီ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ၊ ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ ၃.၅ သန်း ရှိကြောင်း သိရသည်။ယင်းစက်ရုံအား အီရန် အင်ဂျင်နီယာများက အပြည့်အ၀ ဒီဇိုင်း ရေးဆွဲခဲ့ကြောင်း နှင့် ပြည်တွင်းဖြစ် ပစ္စည်းများ နှင့် နည်းပညာများဖြင့် တည်ဆောက်ခဲ့ကြောင်း သတင်းများ အရ သိရသည်။

ကြီးမားသော မြေနေရာလွတ်များ ရှိသည့် အီရန်နိုင်ငံ ဖားစ် ပြည်နယ်တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်ရန် အထူးသဖြင့် နေရောင်ခြည် စွမ်းအင် လုပ်ငန်း ထူထောင်ရန် သင့်လျော်ကြောင်း သိရသည်။ပြီးခဲ့သည့်နှစ်က ဖားစ်ပြည်နယ်တွင် ပထမဆုံး အနေဖြင့် ၁၀ မဂ္ဂါဝပ် စွမ်းအင် ထုတ်လုပ်သည့် နေရောင်ခြည် စွမ်းအင် စုဆောင်း အသုံးချသည့် စက်ရုံ စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ၌ လျှပ်စစ် ဓာတ်အား စုစုပေါင်း ၈၁,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်လျက် ရှိရာတွင် ၁,၀၀၀ မဂ္ဂါဝပ်မှာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်မှ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။အီရန် နိုင်ငံ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို ရုပ်ကြွင်းလောင်စာ အသုံးပြုသော စက်ရုံများမှ ထုတ်ယူနေရကြောင်း ၊ သို့သော်လည်း ပတ်ဝန်းကျင် မထိခိုက်သည့် စွမ်းအင်များ ထုတ်လုပ်မှု မြှင့်တင်ရန် ဆောင်ရွက်ထားကြောင်း နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ခုမှာ ရုပ်ကြွင်း မဟုတ်သည့် လောင်စာ နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုရေး လှုပ်ရှားမှု တစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117