Connect with us

Local

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မေလ ၃ ရက်အထိကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ၂၀.၄၉၁ဘီလီယံ အထိဆောင်ရွက်နိုင်

ဒုတိယသမ္မတ ဦးမြင့်ဆွေအားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မေလ ၃ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၂၀.၄၉၁)ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ (ဝ.၅၂၃)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၂၀.၄၉၁)ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၇ .ဝ၇၃)ဘီလီယံ ပါဝင်သည့်အတွက်(၈၄ ရာခိုင်နှုန်း)အထိ ပါဝင်ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ (၂၇) ကြိမ်မြောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နဝမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေ ၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက်စေရေးလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကို ဆွေးနွေးခဲ့ပါကြောင်း ဆိုသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကိုသာမက ကုန်သွယ် ရေးကဏ္ဍကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို အခြေပြုပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ကုန်သွယ်ရေးကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ မတ်လအထိ ခွင့်ပြုပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် (၁၅၄၉)ခု ရှိသည်ကို တွေ့ရှိရပါကြောင်း ဒုတိယသမ္မတ ကပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေပြဋ္ဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်း ပိုင်းဆိုင်ရာများတွင် ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ဘက်တွင်လည်း ၎င်းတို့ကို သိရှိနားလည်စေရန်အတွက် အစိုးရဘက်နှင့် ပုဂ္ဂလိက နှစ်ဘက်စလုံးအတွက် အလုပ်ရုံဆွေးနွေးပွဲ များကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါကြောင်း ဆိုသည်။

ထို့နောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကျင်းပပြီးစီးမှုအခြေနေ၊ ပို့ကုန်များပိုမို တင်ပို့နိုင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက် နေမှုအခြေအနေ၊ ပြည်ပနိုင်ငံများသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117