Connect with us

Culture & Entertainment

မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် နှင့် ဆက်စပ်သစ်တောကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် ဆောင်ရွက်

-မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ခါကာဘိုရာဇီတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် နှင့် ဆက်စပ် သစ်တောဒေသ (Northern Mountain Forest Complex)ကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းဝင်ရန် ဆောင်ရွက် နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာနထံမှ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနအနေဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် ဆက်စပ်သစ်တော ဒေသအား ကမ္ဘာ့အမွေ အနှစ်ဒေသအဖြစ် အဆိုပြု လွှာပြုစု ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နေရာ ပြုစုရေး လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံရှိ သဘာဝနေရာများကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်နိုင်ရေး အတွက် နော်ဝေ ကမ္ဘာ့ အမွေအနှစ်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ အထောက်အပံ့အဖြစ် သစ်တော ဦးစီးဌာန နှင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာဝအမွေ အနှစ်များ ထိန်းသိမ်း ကာကွယ်ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် ဆက်စပ်သစ်တောဒေသ (Northern Mountain Forest Complex) အား ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် အဆိုပြု တင်ပြခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံ ၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသ အဖြစ် ပျူမြို့ဟောင်း များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး မြို့နှင့် သရေခေတ္တရာမြို့တို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန ကဦးဆောင်၍ World Heritage Convention သို့ အဆိုပြု တင်သွင်းခဲ့ရာ ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း သတ်မှတ်နိုင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117