Connect with us

Asia

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ရှီနှင့် ထရမ့်တို့ သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ ဇွန်လ ၂၉ ရက်က ဂျပန်နိုင်ငံတွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် တူညီမှုနှင့် အပြန်လှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဇွန်လ ၂၉ ရက်က သဘောတူလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံဘက်အနေငြဖ့် တရုတ်နိုင်ငံမှ ကုန်စည်များအပေါ် အခွန်သစ်များ ထပ်တိုးတင်းကြပ်မှုများ လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံလုံး၏ စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညိနှိုင်းမှုအဖွဲ့က အထူးကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်သညိ။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ပြုလုပ်သော G20 ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းတို့ မတွေ့ဆုံမီ သမ္မတ ရှီက လွန်ခဲ့သည့် နှစ် ၄၀ ကာလအတွင်း နိုင်ငံတကာအခြေအနေနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း “တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံးမှုများ ရရှိနိုင်သည်ဟူသော အခြေခံအချက်မှာ မပြောင်းလဲဘဲ တည်ရှိကြောင်း” ပြောကြားခဲ့သည်။

“ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုတွေက သဘောထားကွဲလွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများထက် ပို၍ ကောင်းမွန်တယ်” ဟု ရှီက ထရမ့်အား ပြောခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117