Connect with us

Politics, Law & Military

သမ္မတရှီက တရုတ်နိုင်ငံအမျိုးသားနေ့အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှစ် ၇ဝ ပြည့်အမျိုးသားနေ့တွင် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖိန်က ယနေ့နံနက်တွင် ပေကျင်းမြို့လယ်၌ ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်းနှစ် ၇ဝ ပြည့်အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

အနီရောင် တရုတ်နိုင်ငံတော်အလံလွှင့်ထူထားသောအနက်ရောင် limousine အမိုးဖွင့်ကားပေါ်မှနေ၍ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန့်က စစ်ရေးပြမှူးချုပ် Yi Xiaoguang အား တပ်ဖွဲ့များကို စတင် လှည့်လည်စစ်ဆေးရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုတပ်ဖွဲ့စစ်ဆေးမှုအစတွင် သမ္မတရှီလိုက်ပါလာသော limo ကားသည် ထျန်းအန်းမင်ရင်ပြင်၌ စောင့်ဆိုင်းနေကြသည့် ကွန်မြူနစ်ပါတီ CPC အလံများဝှေ့ယမ်းနေကြသူများ ၊ ပြည်သူများ နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များ ရှေ့တွင် ဖြည်းညင်းစွာဖြတ်သန်းမောင်းနှင်ခဲ့ပြီး သမ္မတရှီက အလေးပြုမှုကို ခံယူခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှစ် ၇ဝ ပြည့်အမျိုးသားနေ့တွင် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

စစ်ရေးပြတီးဝိုင်းများ ၊ စစ်ရေးပြသီချင်းများ အလယ်တွင် အနီရောင်အလံလွှင့်ထူထားသော Limo ကားကြီးသည် ချန်အန်း(Chang’an Avenue) လမ်းထဲသို့မောင်းနှင်ဝင်ရောက်ခဲ့ပြီး ယင်းလမ်းမပေါ်တွင် စစ်သည်စစ်သမီး စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၁၅ဝဝဝ ကျော်က  လူ ၁၅ ယောက်စီ တန်းစီ ချီတက်ကာ လက်နက်ကိုင်အဖွဲ့၃၂ ဖွဲ့ဝန်းရံ၍ စစ်လက်နက်ပစ္စည်းပေါင်း ၅၈ဝမျိုးဖြင့် အလေးပြုခဲ့ကြောင်း သိရသည်။

ရှီက စစ်ရေးပြတပ်ဖွဲ့အား  မိုက်ခရိုဖုန်းမှတစ်ဆင့် “ ရဲဘော်တို့ကို အလေးပြုပါတယ်” ဟူ၍ ထပ်ခါထပ်ခါပြောကြားခဲ့ပြီး ရဲဘော်တို့၏ ကြိုးပမ်းအားထုတ်မှုအပေါ် ဂုဏ်ပြုပါကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

စစ်ရေးပြတပ်ဖွဲ့ဝင်များကလည်း “ဥက္ကဋ္ဌကြီးအား ဂုဏ်ပြုပါတယ် “ နှင့် “ပြည်သူများအတွက် တာဝန်ထမ်းဆောင်ပေးပါ” ဟူ၍ ပြန်လည်ကြွေးကြော်ခဲ့ကြောင်း သိရသည်။

“ ပါတီစည်းမျဉ်းအတိုင်း အောင်မြင်မှုအတွက် စွမ်းဆောင်ပါ။ ပြည်သူတွေအတွက် အကောင်းဆုံးစွမ်းဆောင်ပါ ” ဟူ၍ စစ်ရေးပြတပ်ဖွဲ့ဝင် စစ်သည်စစ်သမီးများက ကြွေးကြော်၍ သမ္မတရှီအား အလေးပြုခဲ့ကြကြောင်း နှင့် အလေးပြုခံ limo ကားကြီးသည် ထျန်းမင်းရင်ပြင်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117