Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်တို့ရှိ ဘိန်းခင်း ဧက ၁,၂၀၀ ကျော် ဖျက်ဆီး 

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် အတွင်း၌ ဘိန်းခင်းများ ဖျက်ဆီး ရှင်းလင်းမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်တို့၌ အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်း ဧက ၁,၂၃၆ ဒသမ ၅ ကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ သတင်းထုတ်ပြန်သည်။ 

အောက်တိုဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း ၈၅၄.၅ ဧက နှင့် အောက်တိုဘာလ ၂၈ ရက် မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ဖယ်ခုံမြို့နယ်အတွင်းရှိ ဘိန်းခင်း ၃၈၂ ဧက တို့ကို အသီးသီး ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ၁၄ ရက်တွင်  တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်း အဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်း မြို့နယ် ၊ ပေါ့အင် ကျေးရွာအုပ်စု ၊ ဆောင်းနိုင် ကျေးရွာ၏ အနောက် တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၆ ဧကခန့်ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117