Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန် ပထမဆုံးတရုတ်နိုင်ငံထုတ် လေယာဉ်တင်သင်္ဘော တပ်တော်ဝင် အခမ်းအနားတက်ရောက်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် လေယာဉ်တင်သင်္ဘောသစ် တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်စဉ်(ဆင်ဟွာ)

ဆန်းရ ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်(CMC) ဉက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ဆန်းတုန်း(Shandong) လေယာဉ်တင်သင်္ဘော တပ်တော်ဝင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ကိုယ်စားပြုအမည်မှည့်ခေါ်ထားသည့် လေယာဉ်တင်သင်္ဘောသစ်ကို တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းသင်္ဘောသည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရ ရေတပ်ဆိပ်ကမ်းတစ်ခု၌ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တာဝန် ထမ်းဆောင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် လေယာဉ်တင်သင်္ဘောသစ် တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် လေယာဉ်တင်သင်္ဘောသစ် တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်တွင်းထုတ် ဆန်းတုန်းလေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် စတင်ခဲ့သည်။ သမ္မတရှီက တရုတ်လွတ်မြောက်ရေးတပ်မတော်အလံတစ်ခုအား ပေးအပ်ချီးမြင့်ခဲ့ပြီး သင်္ဘောအမည်ပါ စာချုပ်စာတမ်းကို ၎င်းသင်္ဘော၏ ရေယာဉ်မှူး နှင့် ဆန်းတုန်းပြည်နယ် နိုင်ငံရေးမှူးထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အခမ်းအနားပြီးနောက်တွင် သမ္မတရှီသည် ဆန်းတုန်းလေယာဉ်တင်သင်္ဘောပေါ်သို့တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံစစ်ဆေးခဲ့သည်။ထို့ပြင် ၎င်းသည် လေယာဉ်တင်သင်္ဘောပေါ်ရှိ စက်ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လေယာဉ်တင်သင်္ဘာပေါ်တွင် တာဝန်ထမ်းဆောင်ကြမည့် လေယာဉ်မှူးများ၏ လုပ်ငန်းဆောင်တာများနှင့် ဘဝနေထိုင်မှုပုံစံကို မေးမြန်းခဲ့ကြောင်း သိရသည်။

ဆန်းတုန်းလေယာဉ်တင်သင်္ဘောပေါ် တက်ရသည့် ပေါင်းကူးတံတားပေါ်တွင် ရှီသည် သင်္ဘောသားအရာရှိများ နှင့် ရေတပ်တပ်ဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ၎င်း၏ အမည်ကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

သမ္မတရှီသည် လေယာဉ်တင်သင်္ဘောတပ်ဖွဲ့ နှင့် တည်ဆောက်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်ရာ အဖွဲ့အသီးသီးကိုလည်း တွေ့ဆုံခဲ့သည်။

လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်ခြင်းမှာ တရုတ်နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်း ၊ တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသော အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်များအနေဖြင့် နောက်ထပ် တည်ဆောက်မှုအသစ်များတွင် ပါဝင်ကာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို ဆက်လက် ဖော်ထုတ်သွားရန် တွန်းအားပေးကြောင်း သမ္မတရှီက ဆိုသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်(CMC)၏ အတည်ပြုချက်အရ ဆန်းတုန်းလေယာဉ်တင်သင်္ဘောကို ရေတပ်သင်္ဘောအမှတ်စဉ် ၁၇ ဟူ၍ သတ်မှတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117