Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ တရားမဝင်ကျောက်စိမ်း တူးဖော်သူများနှင့် ယာဉ်ယန္တရားများ သိမ်းဆည်း

သိမ်းဆည်းရမိ်သာ တရားမဝင်ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ်များအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များအတွင်း          တရားမဝင် ကျောက်မျက်တူးဖော်သူများနှင့် ယာဉ်ယန္တရားများ သိမ်းဆည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိလုပ်ကွက် အတွင်း တရားမဝင်ကျောက်စိမ်းတူးဖော်နေသူ ၁၆ ဦးနှင့် အတူ ဘက်ဟိုးယာဉ် ၁၀ စီး၊ မြေသယ်ယာဉ် ငါးစီး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် နယ်မြေခံတပ်မှ တပ်မတော် သားများ၊ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျောက်မျက် တူးဖော်ရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ သက်တမ်းကုန်လစ်လပ်လျက်ရှိသည့် မြဥယျာဉ်ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း၊ ငိုးပင်း အကျိုးတူ(၄) အပိုင်း(A)အတွင်း တရားမဝင်ကျောက်မျက် တူးဖော်နေသူ ၁၆ ဦးနှင့်အတူ   ဘက်ဟိုးယာဉ် ၁၀ စီး၊ မြေသယ်ယာဉ် ငါးစီးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117