Connect with us

Politics & Security

တောင်တရုတ် ပင်လယ် အရေးကိစ္စ အပေါ် အာဆီယံ ထုတ်ပြန် ချက်အပေါ် တရုတ်နိုင်ငံ တုန့်ပြန် ပြောဆို

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ) တောင်တရုတ် ပင်လယ် အရေးကိစ္စ အပေါ် အာဆီယံ ထုတ်ပြန် ချက်အပေါ် တရုတ်နိုင်ငံ တုန့်ပြန် ပြောဆို

ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တောင်တရုတ် ပင်လယ်ထဲ Nansha ကျွန်းများတွင် တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ပိုင်နက် ဖြစ်သောကြောင့် ၎င်းသည် အပြစ်မဟုတ် ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူ Hong Lei က အာဆီယံ၏ တောင် တရုတ် ပင်လယ်အရေး ထုတ်ပြန်ချက် အပေါ်တွင် တုန့်ပြန် ပြောကြားသည်။

နိုင်ငံအားလုံးသည် တောင်တရုတ် ပင်လယ်တွင် လွတ်လပ်စွာ ပျံသန်းမောင်းနှင် နေသည် ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ပြဿနာ မရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြား သည်။

တောင်တရုတ် ပင်လယ် အရေးသည် တရုတ်နိုင်ငံနဲ့ အာဆီယံအကြား အရေးမဟုတ်ကြောင်း Hong က ပြောကြားသည်။

တရုတ်နိုင်ငံနဲ့ အတူ တောင်တရုတ် ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရုတ်-အာဆီယံ ဆက်ဆံရေးကို ထိန်းသိမ်းရန် သက်ဆိုင်သူများအား Hong က တိုက်တွန်းခဲ့သည်။

“ တောင်တရုတ် ပင်လယ်ထဲမှာ မြေယာ ဖော်ထုတ် နေတာနဲ့ ပတ်သက်ပြီး အာဆီယံ အနေနဲ့ အထူး စိုးရိမ် ပါတယ်” “ တောင် တရုတ် ပင်လယ်ကို ငြိမ်းချမ်းစွာ တည်ငြိမ်ရေး ၊ လုံခြုံရေးနဲ့ လွတ်လပ်စွာ ပျံသန်း မောင်းနှင်ခွင့် ဖြတ်သန်း သွားလာခွင့်တွေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အာဆီယံ ထုတ်ပြန်ချက် တွင် ပါရှိ သည်။

တရုတ်နိုင်ငံနှင့် အာဆီယံ အနေဖြင့် အပြန်အလှန် လေးစား ၊ ယုံကြည်ပြီး နှစ်ဖက်လုံး အကျိုးရှိသည့် ဆက်ဆံရေး တည်ဆောက်သင့် ကြောင်း Hong က ဆက်လက် ပြောကြား သည်။

အာဆီယံ၏ ထုတ်ပြန်ချက်တွင် တောင်တရုတ် ပင်လယ် အတွင်း လိုက်နာ ရမည့် Code of Conduct (COC) ကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ဆွေးနွေးညှိုနှိုင်းမှု အရှိန် မြှင့်ရန် တိုက်တွန်း ထားသည်။

အာဆီယံ ထိပ်သီး အစည်းအဝေးကို ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ နှင့် လန်ကာဝီ တို့တွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.