Connect with us

Politics & Security

၂၆ ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံး

၂၆ ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ မြင်ကွင်း (Xinhua)

လန်ကာဝီ ၊ ဧပြီ ၂၇ ရက်

၂၆ ကြိမ်မြောက် အာဆီယံ အစည်းအဝေး ယခု နှစ်ကုန်တွင် ဒေသတွင်း အသိုက်အဝန်း အကောင်အထည် ဖော်ရေးကို ထပ်လောင်း ကြေညာကာ ၎င်း အစည်းအဝေးကို ရုတ်သိမ်း ခဲ့သည်။

ကြေညာ စာတမ်းတွင် အာဆီယံ ဒေသတွင်းဖွံဖြိုး တိုးတက်မှုကို အထောက်အကူ ပြုမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု ဆိုင်ရာ ကတိကဝတ်များ ပါဝင်သည်။

“ အပေါင်းလက္ခဏာ ဆောင်တဲ့ ဆွေးနွေး ညှိုနှိုင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး အတူတကွ လူထု ဗဟိုပြု အာဆီယံကို အကောင်အထည်ဖော် လုပ်ဆောင် သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မလေးရှား ဝန်ကြီးချုပ် Datuk Seri Najib Tun Razak က လန်ကာဝီတွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး ပိတ်ပွဲတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နိုင်ခဲ့ကာ ယခု နှစ်ကုန်ပိုင်းတွင် အာဆီယံ အသိုက်အဝန်းကို တည်ထောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံ အသိုက်အဝန်းတွင် အများနှင့် ဆိုင်သည့် စီးပွားရေး၊ နိုင်ငံရေး-လုံခြုံရေးနှင့် လူမှုရေး-ယဉ်ကျေးမှု ဒေသတစ်ခုကို အကောင်အထည် ဖော်ရန် တို့ပါဝင်သည်။

အာဆီယံကို ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ် တို့ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.