Connect with us

Politics & Security

တောင် တရုတ်ပင်လယ် အရေးတွင် လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း အမြန်ဆုံးသတ်မှတ်ရန် တရုတ်နှင့် အာဆီယံ သဘောတူ

၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို ပေကျင်းတွင် ဇွန်လ ၄ ရက် နေ့ ၌ ကျင်းပရာတွင် တောင် တရုတ်ပင်လယ် နှင့်ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ် စည်းမျဉ်း (COC) ကို အလျင်အမြန် သတ်မှတ်ရရှိရန် တရုတ်နှင့် အာဆီယံ အရာရှိများမှ သဘောတူညီ ခဲ့သည်။

“ တောင် တရုတ်ပင်လယ် အရေး နဲ့ ပတ်သက်ပြီး ကြေငြာစာတမ်း (DOC) ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည် ဖော်ဖို့လည်း သဘောတူခဲ့ပါတယ်” ဟု တရုတ် နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လျိုကျန့်မင် (Liu Zhenmin) က ၎င်း ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ ဥက္ကဌ ဖြစ်သည့် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယ အမြဲတမ်း အတွင်းဝန် Noppadon Theppitak က “ ဒီ ကျင့်ဝတ် စည်းမျဉ်း (COC) က တောင် တရုတ်ပင်လယ် အပေါ် နှစ်ဖက် အငြင်းပွားမှုတွေ ကို ဖြေရှင်း နိုင်မှာ မဟုတ်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေကြားမှာ ယုံကြည်မှု တည်ဆောက်ရေးနဲ့ ပင်လယ်ပြင်ကို ကာကွယ် ထိန်းသိမ်းရန် အထောက်အကူ ပြုစေ မှာပါ” ပြောကြားသည်။

အစီရင်ခံစာများအရ တောင် တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုသည် ပိုမို ပြင်းထန် လာသည်။ တရုတ်နှင့်အာဆီယံ တို့သည် ၎င်း အငြင်းပွားမှုကို ပွင့်ပွင့်လင်းလင်း ရင်းနှီးစွာဖြင့် ထိရောက်သော ဆွေးနွေးမှုများ လုပ်ဆောင်နိုင် ခဲ့သည်ဟု Noppadon Theppitak က ဆိုသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်-အာဆီယံ ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၄၈၀ ဘီလီယံကျော် ရှိပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံသည်လည်း အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ မူလ အဖွဲ့ဝင်များ ဖြစ်လာမည် ဖြစ်သည်။

တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေး နှင့် ကြွယ်ဝရေး တို့ အတွက် ပိုမို အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်လာပါတယ် ဟု Liu က ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117