Connect with us

Asia

ပါကစ္စတန် နိုင်ငံ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၉၇ ဦး နှင့် အသက်ရှင်သူ ၂ ဦးရှိ 

ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမြို့၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်နေမှုများအား မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့၌ မေ ၂၂ ရက်တွင် လူနေရပ်ကွက် တစ်ခုပေါ်သို့ ပျက်ကျခဲ့သည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စင်း၏ အပျက်အစီးများမှ ရုပ်အလောင်း ၉၇ လောင်းအား ကယ်ဆယ်ရေး အဖွဲ့များမှ ရှာဖွေတွေ့ရှိထားကြောင်း ပါကစ္စတန် စစ်တပ်မှ မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

ပါကစ္စတန် စစ်တပ် နှင့် အရပ်သား ကယ်ဆယ်ရေး အဖွဲ့များမှ ကယ်ဆယ်ရေးသမားများက သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း နှင့် လေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ရေး အဖွဲ့ ဖြစ်သည့်  ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမြို့၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်နေမှုများအား မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမြို့၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်နေမှုများအား မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမြို့၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်နေမှုများအား မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA)၏ ခရီးစဉ် အမှတ် PK-8303 လေယာဉ်တွင်  ခရီးသည် ၉၁ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါလာခဲ့ပြီး နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ Allama Iqbal နိုင်ငံတကာလေဆိပ်မှ မေ ၂၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁:၀၈ နာရီတွင် ထွက်ခွာသွားခဲ့ပြီး မွန်းလွဲပိုင်း ၂ နာရီ ၄၅ မိနစ် အချိန်တွင် ပျက်ကျသွားခဲ့ကြောင်း PIA ၏ ပြောခွင့်ရပုဂ္ဂိုလ် Abdullah Hafeez က ပြောကြားခဲ့သည်။ 

လေဆိပ်နှင့်ကပ်လျက် ရှိသည့် လူဦးရေထူထပ်သောလူနေရပ်ကွက်ပေါ်သို့ လေယာဉ်ပျက်ကျခဲ့သော်လည်း မြေပြင်ပေါ်ရှိလူများတွင် သေဆုံးသူမရှိကြောင်း Sindh ပြည်နယ် ကျန်းမာရေး ဝန်ကြီး၏ မီဒီယာ ဆက်ဆံရေးမှူး ဖြစ်သူ Meeran Yousuf က ပြောကြားခဲ့သည်။ 

မြေပြင်ပေါ်တွင် ဒဏ်ရာများစွာရရှိသူ ၁၇ ဦးခန့် ရှိသော်လည်း ၎င်းတို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိကြောင်း Meeran Yousuf က ထည့်သွင်း ပြောကြားခဲ့သည်။ 

အဆိုပါ လေယာဉ်ပျက်ကျမှုတွင် လူနေရပ်ကွက်ရှိ နေအိမ် ၂၅ လုံး ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ရပ်ကွက်အတွင်း နေထိုင်သူများအား အရပ်ဘက် အုပ်ချုပ်ရေး၏ အကူအညီဖြင့် အခြားနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117