Connect with us

Local

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူခဲ့သော ကျောက်စိမ်းတွဲများ အတွက် သြဂုတ် ၁၅ ရက်နောက်ဆုံးငွေသွင်းရမည်ဟုဆို

ကျောက်မျက်ပွဲတစ်ခု တွင် ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက ကျင်းပခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချခဲ့သော ကျောက်စိမ်းအတွဲများအတွက် COVID-19 ရောဂါကြောင့် ငွေသွင်းရန် နောက်ဆုတ်ထားခဲ့ပြီး၊ အဆိုပါ ကျောက်စိမ်းအတွဲများအတွက် သွင်းရန် ငွေကို သြဂုတ် ၁၅ ရက်နောက်ဆုံးထား  ငွေပေးသွင်းရန်၊ ငွေပေးသွင်းရန် ပျက်ကွက်ပါက စပေါ်ငွေသိမ်းယူမည်ဖြစ်ကြောင်း  မြန်မာ့ကျောက်  မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းက အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့  သြဂုတ် ၆ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ က ပုံမှန်ဆိုရင် ကျောက်မျက်ပွဲပြီး ရက် ၉၀ အတွင်း ငွေပေးသွင်းခိုင်းပါတယ်။ COVID-19 ကြောင့် ငွေသွင်းရမယ့် ရက်တွေ ကို နောက်ဆုတ်လာခဲ့တာပါ။ ငွေမသွင်းဘဲ ကျန်ရှိတဲ့ နိုင်ငံသားရတနာကုန်သည် တွေရှိပါတယ်။ အဲဒီရတနာကုန်သည် တွေ ကျောက်စိမ်းအတွဲတွေရဲ့ တန်ဖိုးငွေ ကို ပေးဆောင်ဖို့ ပျက်ကွက်ရင် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်မှာပါ’’ ဟု ၎င်းကပြောသည်။

အဆိုပါပြပွဲအတွက် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းက သတ်မှတ်ခဲ့သည့်  အာမခံစပေါ်ငွေနှင့် ဝယ်ယူခွင့်ပြု သည့် ကျောက်အတွဲတန်ဖိုးများ အရ ကျောက်မျက်တန်ဖိုး ၏ ၁၀ ရာခိုင်နှုန်း ကို စပေါ်အဖြစ်ပေးသွင်းရကြောင်း၊ ကျောက်မျက်တန်ဖိုး အားလုံးပေးချေပြီးမှ ကျောက်မျက်ကိုရရှိကြောင်း သိရသည်။

မြန်မာကျပ်ငွေဖြင့်ကျောက် မျက်ရတနာရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမ၌ ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိပြုလုပ်ခဲ့ပြီး ကုမ္ပဏီ ပေါင်း ၈၁၁ ခုက နိုင်ငံသားရတနာ ကုန်သည် ၂,၀၀၀ ကျော်တက် ရောက်ခဲ့ကြောင်း၊ အဆိုပါပြပွဲမှ ကျောက်စိမ်း အတွဲပေါင်း ၃,၆၉၅ တွဲကို  အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ၃,၄၉၁ တွဲရောင်းချခဲ့ရပြီး ကျပ် ၅၉ ဘီလီ ယံကျော် ရရှိခဲ့ကြောင်း ၊ ကျောက်မျက် အတွဲပေါင်း ၂၈၆ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကိုးတွဲကို ကျပ် ၃၆ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။

၂၀၂၀ပြည့်နှစ် တွင် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂ ပွဲ နှင့် မြန်မာကျပ်ငွေ ဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂  ပွဲ၊ စုစုပေါင်း ၄ ပွဲ ကျင်းပရန် လျာထားသော်လည်း COVID-19 ရောဂါကြောင့် ၂၀၂၀ ပြည့် နှစ်တွင် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲတစ်ပွဲသာကျင်းပနိုင်သေးကြောင်း ၎င်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117