Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိခဲ့သည့် ရန်ကုန်မြို့ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်ခြံဝင်းအား လိုအပ်သော ကျန်းမာရေး အစီအမံများအားလုံး ပြုလုပ်ထားဟုဆို 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်ခြံဝင်းအား ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄)ကို Lockdown ပြုလုပ်ထားပြီး လိုအပ်သော ကျန်းမာရေး အစီအမံများ ပြုလုပ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဆင်ဟွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ 

“ဦးဌေးမှာ ပိုးတွေ့တာကတော့ ကျွန်တော်တို့ Confirm လုပ်လို့ ရပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဘယ်ကဆိုတာ Confirm လုပ်လို့ မရသေးပါဘူး ။ ဦးဌေးကိုတော့ ဖောင်ကြီးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ နောက်ပြီး သူနဲ့ ထိတွေ့ခဲ့တဲ့သူ ခြောက်ဦးကိုလည်း ဟိုတယ် Quarantine ထားတယ်။ ခြံကိုလည်း Lockdown လုပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး အစီအမံတွေလည်း အကုန်လုံး လုပ်ထားပြီလို့ သိရပါတယ်။ ဦးဌေးက နေအိမ်မှာ စီမံခန့်ခွဲဖို့အတွက် တာဝန်ပေးထားတဲ့သူပါ ။ ကျန်တဲ့တစ်ဦးနဲ့ ပတ်သတ်လို့ သတင်းကောင်းကောင်း မရသေးပါဘူး ။”ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအချိန် ထုတ်ပြန်ခဲ့သော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆ ဦးတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မှ နှစ်ဦး ပါဝင်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ အသက် ၅၉ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၅၁ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြကြောင်း  ၊ ၎င်းတို့သည် COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု ၊ ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသူများ ဖြစ်ကြကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၅ ရက်အတွက် ဓာတ်ခွဲနမူနာပေါင်း ၁,၆၉၁ ခုအား ပထမအသုတ် စစ်ဆေးရာတွင် လူနာသစ် ၃၇ ဦး ၊ ဓာတ်ခွဲနမူနာ ၁,၄၇၄ ခုအား ဒုတိယအသုတ် စစ်ဆေးရာတွင် လူနာသစ် ၆၆ ဦး စုစုပေါင်း လူနာသစ် ၁၀၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၃၁၉ ဦး ရှိလာပြီး သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117