Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 လူနာ ၇ သောင်းကျော် ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ အချို့အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၆၇ ဦး တွေ့ရှိခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၇၀,၁၆၁ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာ ၁၄,၃၈၇ ခုအား စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၁,၁၆၇ ဦး တွေ့ရှိခဲ့ကြောင်း နှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၉၄၈ ဦး ၊ သေဆုံးလူနာ ၂၂ ဦး ရှိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၉၄၈ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၂၇၆ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၆၇၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ယနေ့ သေဆုံးသူ ၂၂ ဦးအနက် ရောဂါအခံရှိသူ ၁၉ ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၇၃၈ ဦးတွင် Hotel Quarantine တွင် ၂၄၈ ဦး၊ Facility Quarantine တွင် ၃၁ ဦး၊ Community Based Facility Quarantine တွင် ၃၅၃ ဦးနှင့် Anosmia Center တွင် ၁၀၆ ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၁၁,၇၃၉ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၇၀,၁၆၁ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၃,၂၉၉ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၅၉၉ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယခုအခါတွင် လူအများစုဝေးနေထိုင် ပြောဆိုလုပ်ကိုင်ရာနေရာတိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117