Connect with us

Environment, Disasters & Accidents

လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်

မိုးလေဝသခန့်မှန်းချက်ပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အအေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။

“လာနီညာကြောင့် အအေးပိုတာတွေ၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုဖြစ်တာတွေ၊ အချိန်အခါမဟုတ်မိုးရွာသွန်းမှုများတာတွေဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မြောက်မုတ်သုံလေက လာနီညာကြောင့် ပိုအားကောင်းတယ်။ အရှေ့ဘက်ကလေပွေလှိုင်းတွေ အားကောင်းပြီး အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ဖြစ်နိုင်တယ်။ မုတ္တမကွေ့တို့ မွန်၊တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်ပြင်မှာ လေပြင်းတိုက်တာတွေဖြစ်နိုင်တယ်’’ ဟု၎င်းကဆိုသည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာသီကာလများဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်ကြောင်းသိရသည်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုဖြစ်ပေါ်ပြီး မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်းမိုးဇလမှ သိရသည်။
“လာနီညာဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အချိန်အခါမဟုတ် မိုးရွာတာတွေ၊လေပြင်းတိုက်တာတွေနဲ့ ထူးခြားရာသီဥတုဖြစ်စဉ်ကို ပြည်သူများအနေနဲ့ သတိပြုနေထိုင်သင့်ပါတယ်။’’ ဟု ဦးလှထွန်းက အကြံပြုပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117