Connect with us

Politics, Law & Military

နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ဉာဏ်ပညာ အမြော်အမြင်ဖြင့် ဆင်ဆင်ခြင်ခြင် ပြောဆို လုပ်ဆောင် ကြမှသာလျှင် မှန်ကန်စွာ ဖော်ဆောင်နိုင်ကြမည်ဟု သူရ ဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအားတွေ့ရစဉ် (ဓာတ်ပုံ- Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံသား အားလုံး ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး နှင့် တစ်ဦးချင်း ၊ တစ်ယောက်ချင်း ပြောဆို လုပ်ဆောင်မှု များသည်လည်း သံသယ ပွားစေသော၊ အထင်အမြင် လွဲမှားစေသော အကြောင်းအရာနှင့် အချက်အလက်များကို ဉာဏ်ပညာ အမြော်အမြင်ဖြင့် သတိပြုဆင်ခြင်၍ ပြောဆို လုပ်ဆောင်မှုများဖြင့်သာလျှင် နိုင်ငံနှင့် နိုင်ငံသား အကျိုး စီးပွားကို မှန်ကန်စွာ ဖော်ဆောင်ကြ ရမည့်အချိန် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြ ရေးသား ထားသည်။

ပကတိ အခြေအနေနှင့် အမှန်တရားအပေါ်အခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူများအပေါ် သစ္စာတရားဖြင့် နိုင်ငံ ကာကွယ်ရေး ၊ တည်ဆောက်ရေး တို့အတွက် သက်ဆိုင်ကြသူများ အားလုံးမှ ပါဝင် စဉ်းစားသုံးသပ်
ဆောင်ရွက်ကြရန် အမှန်ပင် အရေးကြီးလှကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ဖေဖော်ဝါရီလ ၂၉ ရက်တွင် ကော်မရှင် အဆောက်အဦ (I-1) ၌ ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117