Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာ အဖွဲ့(MPU) အား မတ်လ ၁ ရက် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက် ရယူပြီး ဖွဲ့စည်း ဆောင်ရွက်သွားမည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခြင်းကို မတ်လ ၁ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက် ရယူပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့တွင် အတွင်းရေးမှူး အဖြစ် ပြည်ထောင်စု လွှတ်တော်၊ ဒုတိယ နာယက ဦးအေးသာအောင် အပါအဝင် အဖွဲ့ဝင်များ အဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်၍ ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယနေ့ဖေဖော်ဝါရီလ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ ပြဌာန်းချက်နှင့် အညီ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အား ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ယနေ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အား ဖွဲ့စည်းနိုင်ခဲ့သည့် အတွက် ပြည်ထောင်စု လွှတ်တော် ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များ ရှေ့ဆက် ဆောင်ရွက်ရသည့် ဥပဒေပြု လုပ်ငန်းများ ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှု ပိုမို အားကောင်းလာခဲ့ပြီး အချင်းချင်း ဆောင်ရွက်သည့် အခါတွင် အရည်အသွေးများ ၊ စွမ်းရည်များကို မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.