Connect with us

Environment, Disasters & Accidents

လေပြင်းတိုက်ခတ်မှုကြောင့် မွေတော်ကက္ကူဘုရားများထိခိုက်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မွေတော်ကက္ကူစေတီတော်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအချို့ ဒေသများတွင်လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းလေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ မွေတော်ကက္ကူဘုရားဝင်းအတွင်း တွင်လည်း ဧပြီလ ၂၂ ရက် ည ၇ နာရီခွဲမှ ၈ နာရီထိ လေပြင်းတိုက်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

အဆိုပါလေပြင်းဒဏ်ကြောင့် ဘုရားဝင်းအတွင်း စေတီပေါင်း ၂၄၈၀ ခန့် ရှိသည့်အနက် စေတီစုစုပေါင်း ၈၆၉ ဆူခန့် ပျက်စီးခဲ့ပြီး ဘုရားဝင်းအတွင်းသို့ သွယ်တန်းထားသော လျှပ်စစ်မီးလိုင်းများ နှင့်ထရန်စဖော်မာတစ်လုံးတို့လည်းပျက်စီးခဲ့သည်။

ကက္ကူဘုရား ဝန်းအတွင်းရှိ အာသောကဆုတောင်းပြည့်စေတီတော် လည်း ထီးတော် မြေခခဲ့ပြီး ဖောင်တော်ဆိပ် စေတီတော်မှာ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် ပြုတ်ကျခဲ့ပြီး ကျန်စေတီများမှာ စိန်ဖူးတော်များ မြေခခဲ့ခြင်း များဖြစ်ပွားခဲ့ကြောင်းသိရသည်။

လေပြင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံး မှ သတင်းရရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117