Connect with us

Africa & Middle East

အာဖဂန် မြို့တော်၌ အိန္ဒိယ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရ

လူတစ်ဦးအား ကြိုးဖြင့် တုပ်နှောင်ထားခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အဖဂန်နစ္စတန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခု၌ အလုပ်လုပ်နေသော အသက် ၄၀ နှစ်အရွယ် အိန္ဒိယ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ဇွန်လ ၁၀ ရက်က ပြောကြားခဲ့သည်။

“ဂျူဒစ် ဒီဆိုးဇာဟာ ဇွန်လ ၉ ရက် ညနှောင်းပိုင်းက ကဘူးလ်မြို့မှာ ပြန်ပေးဆွဲခံခဲ့ရတယ်၊ သူ ပြန်လည် လွတ်မြောက်ရေး အတွက် ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ အတူ အာဖဂန် မြို့တော်ရှိ အိန္ဒိယ သံရုံးကလည်း ပူးပေါင်း ဆောင်ရွက်နေတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ အိန္ဒိယနိုင်ငံမှ ၎င်း၏ နိုင်ငံသားများ အာဖဂန်နစ္စတန် နိုင်ငံတွင်း နေထိုင်ခြင်း သို့မဟုတ် အလည်သွားရောက် ခြင်းနှင့် ပတ်သက်၍ လုံခြုံရေး ကြိုတင်ကာကွယ်မှုအား လုပ်ဆောင်ရန် အကြံပြုချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး တစ်လအကြာ ယခုလို ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။ လုံခြုံရေး အခြေအနေ မတည်ငြိမ်မှု မြင့်မားနေသည့် အတွက် အာဖဂန်နစ္စတန်သို့ သွားရောက်ခြင်း သို့မဟုတ် နေထိုင်မည့် အိန္ဒိယနိုင်ငံသားများ အားလုံးကို အကြံပြုထားကြောင်း၊ နိုင်ငံခြားသားများအား ဆန့်ကျင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် အာဖဂန်နိုင်ငံ အတွင်း ဖြစ်ပွားနေသလို ဆက်လက် ဖြစ်ပွားရန်လည်း ရှိနေကြောင်းနှင့် အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်း ပြန်ပေးဆွဲခြင်းနှင့် ဓားစာခံ ဖမ်းဆီးမှုများ မြင့်တက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.