Connect with us

Africa & Middle East

ဝါဆော ထိပ်သီး အစည်းအဝေး အတွက် မိတ်ဖက် လုပ်ငန်းအစီအစဉ် နေတိုး အကြီးအကဲနှင့် ဒတ်ချ် ဝန်ကြီးချုပ်တို့ ဆွေးနွေး

နေတိုး အတွင်းရေးမှူးချုပ် ဂျန်စ် စတော့တန်ဘာ့ခ် (ဝဲ) နှင့် ဒတ်ချ် ဝန်ကြီးချုပ် မာ့ခ်ရုသ်တာ (ယာ) တို့ လက်ဆွဲ နှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘရပ်ဆဲလ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

နေတိုး အတွင်းရေးမှူးချုပ် ဂျန်စ် စတော့တန်ဘာ့ခ်နှင့် ဒတ်ချ် ဝန်ကြီးချုပ် မာ့ခ် ရုသ်တာတို့ နယ်သာလန် နိုင်ငံ ဟေ့ဂျ်မြို့၌ တွေ့ဆုံခဲ့ပြီး ဇူလိုင်လ အတွင်း ထိပ်သီး အစည်းအဝေး အတွက် မိတ်ဖက် အစီအစဉ်အား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် လုံခြုံရေး စိန်ခေါ်မှုများအား တုံ့ပြန်ရန် ဝါဆော ထိပ်သီး အစည်းအဝေး၌ နေတိုးက တာဝန်ယူမည့် အဆင့်သစ်အတွက် ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြောင်း နေတိုး သတင်း ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ တပ်ဖွဲ့တွေကို ဆက်လက် တိုးချဲ့သွားဖို့ ရှိပါတယ်၊ ဒီလိုတိုးချဲ့ခြင်းဟာ နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ အရေးတစ်ခုအဖြစ် ကျွန်တော်တို့ သဘောတူထားတယ်” ဟု စတော့တန်ဘာ့ခ်က ပြောသည်။
နေတိုးအနေဖြင့် အကြမ်းဖက် စနစ်အား တိုက်ဖျက်ရန် ဒေသဆိုင်ရာ စစ်တပ်များအား သင်တန်းပေးခြင်းဖြင့် ဒေသတွင်း တည်ငြိမ်ရေး လုပ်ငန်းများ နေတိုးက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စတော့တန်ဘာ့ခ်က အလေးထား ပြောကြားခဲ့သည်။
ကာကွယ်ရေးနှင့် လုံခြုံရေး မျှဝေခြင်း ဆိုင်ရာ နေတိုး၏ ပူးပေါင်းဆောင်ရွက်မှု၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်း ပထမအဆင့် အဖြစ် နယ်သာလန် နိုင်ငံ၏ လုပ်ဆောင်မှုအား စတော့တန်ဘာ့ခ်က ကြိုဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.