Connect with us

Science & Technology

တရုတ် နိုင်ငံ မှ ရေကြောင်း သုသေတန လုပ်ငန်းများ ပိုမို ဆောင်ရွက်ရန် အတွက် သုသေတန သင်္ဘော နှစ်စင်း တည်ဆောက်မည်

တရုတ် နိုင်ငံ ၏ ပင်လယ်ရေနက်ပိုင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် JiaoLong ရေငုပ်သင်္ဘောအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ရေကြောင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် သမုဒ္ဒရာ-၂(Dayan Erhao)သုတေသန သင်္ဘော နှင့် ရေအောက် သုတေသန လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုသည့် ကျောင်းလုံ(JiaoLong) ရေငုတ်သင်္ဘော အတွက် ပင်မ သင်္ဘော တစ်စီး တို့အား ၂၀၁၉ ခုနှစ် တွင် စတင် အသုံးပြုနိုင်ရန် ရည်ရွယ်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမုဒ္ဒရာ တွင်းထွက် သယံဇာတ အရင်းအမြစ် အဖွဲ့အစည်း မှ ပြီးခဲ့သည့် သောကြာနေ့တွင် ယင်း သုတေသန သင်္ဘော နှစ်စင်း စတင်တည်ဆောက်မှု ဆိုင်ရာ စာချုပ်အား လက်မှတ်ရေး ထိုးခဲ့ပြီး တည်ဆောက်မှု လုပ်ငန်း ကြာချိန်အား ၂၈ လ သတ်မှတ် ထားကြောင်း သိရှိရသည်။သမုဒ္ဒရာ-၂(Dayan Erhao)သုတေသန သင်္ဘော သည် တန်ချိန် ၄၀၀၀ ရှိကာ အလျား ၉၈ မီတာ နှင့် အနံ ၁၇ မီတာ ရှိမည် ဖြစ်သည်။ သင်္ဘော ပေါ်တွင် သုတေသန လုပ်ငန်း များဆောင်ရွက်ရန် ဧရိယာ စတုရန်း မီတာ ၄၀၀ ကျော် ပါရှိမည် ဖြစ်ပြီး သုတေသန လုပ်ငန်း ဆောင်ရွက်ရန် စက်ပစ္စည်း အမျိုးအစားပေါင်း ၇၀ ကျော်လည်း ပါရှိမည် ဖြစ်သည်။ သမုဒ္ဒရာ-၂(Dayan Erhao)သုတေသန သင်္ဘော သည် ရေကြောင်း ဆိုင်ရာ သုတေသန လုပ်ငန်း မျိုးစုံ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ တည်ဆောက်သွားမည် ဖြစ်သည်။ပင်မ သင်္ဘော သည်လည်း တန်ချိန် ၄၀၀၀ ရှိကာ အလျား ၉၀.၂ မီတာ နှင့် အနံ ၁၆.၈ မီတာ ရှိမည်ဖြစ်သည်။ ပင်မ သင်္ဘော သည် JiaoLong ရေငုပ် သင်္ဘော၏ သုတေသန လုပ်ငန်းများ ကို ထောက်ပံ့ကူညီ နိုင်မည်ဖြစ်ပြီး သင်္ဘောပေါ်ရှိ ဧရိယာ စတုရန်း မီတာ ၃၀၀ ကျော်တွင် သုတေသန ပစ္စည်း ကိရိယာ မျိုးစုံပါရှိသည့် သုတေသန ခန်းများလည်း ပါရှိမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117