Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်အတွက် ကိုယ်စာလှယ်လောင်း အမည်စာရင်း တင်သွင်း

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် သန်လျင်မြို့ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ယနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း လာရောက် တင်သွင်းခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ယနေ့ ကော်မရှင်ရုံးတွင် စာရင်း လာရောက်သွင်းခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သန်လျင်မြို့ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနေစဉ် (ဆင်ဟွာ)

အဆိုပါ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို ယနေ့ ညနေတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ တစ်ရက်နေ့တွင် လစ်လပ်နေရာ ၄၅ နေရာအတွက် ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၄၃ နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နေရာရရှိခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117