Connect with us

China

ဟွာဝေး တက်ဘလက်က ဖင်န်လန်နိုင်ငံတွင် ရောင်းအား အကောင်းဆုံးဖြစ်လာ

ဖုန်း အရောင်းပြခန်း တစ်ခုတွင် ဝယ်သူတစ်ဦးမှ ဟွာဝေး တက်ဘလက်ကို အသုံးပြုနေစဉ် (ဆင်ဟွာ)

ဟဲလ်စင်ကိ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဟွာဝေး တံဆိပ် တက်ဘလက် များသည် ဖင်န်လန် နိုင်ငံတွင် ရောင်းအား အကောင်းဆုံး ဖြစ်လာပြီး လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် အတွင်း အကြီးမားဆုံး ဈေးကွက်ဝေစု ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ ထုတ်ဖော် ပြောလိုက်ပါသည်။

ယခုနှစ် ဒုတိယလပတ် အတွင်း ဖင်န်လန်နိုင်ငံတွင် ဆမ်ဆောင်း (Samsung)၊ အက်ပ်ပဲ (Apple) တို့ကို ကျော်၍ ဟွာဝေး တက်ဘလက် ၃၀,၀၀၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ သတင်းရင်းမြစ်က ဆင်ဟွာ သို့ ပြောပါသည်။

“ ဒီနှစ်စပိုင်းကတည်းက ဟွာဝေးတံဆိပ်က ရောင်းအား တော်တော် ကောင်းခဲ့ပါတယ်၊ ပြီးခဲ့တဲ့ သုံးပတ်ဆက် တိုက် ပထမနေရာကို ထိန်းထားနိုင်ခဲ့တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုပါသည်။

ဖင်န်လန်နိုင်ငံတွင် ဟွာဝေး ဈေးကွက် ဝေစုသည် ဖင်န်လန် တက်ဘလက် ဈေးကွက်၌ ၃၅ ရာခိုင်နှုန်း ရရှိထားချိန်ဝယ် အက်ပ်ပဲက ဆမ်ဆောင်း နှင့် ဟွာဝေးတို့ထက် ရောင်းအား အကောင်းဆုံးဖြစ်နေဆဲ ဖြစ်သည်။

ဖင်န်လန် သတင်းမီဒီယာများ၏ သတင်း တင်ပို့ချက်အရ ဟွာဝေးက မိုက်ခရိုဆော့ဖ်ကို ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

နိုကီယာ တံဆိပ် သုံးစွဲနေသော ဖင်န်လန် နိုင်ငံသားတွေမှာ မိုဘိုင်းဖုန်း သုံးစွဲမှုအတွက် ထူးထူးခြားခြား အရသာ တွေ့ပြီး နေပြီ ဖြစ်လို့ ဒါဟာ ဟွာဝေး အတွက်တော့ စိန်ခေါ်မှု ဖြစ်ကြောင်း ဟွာဝေး၏ ဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Kenneth Fredriksen က ဆင်ဟွာသို့ ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117