Connect with us

China

ငွေကြေး ဖောင်းပွမှု စိုးရိမ်စရာ ရှိနေသည့်အတွက် တရုတ်နိုင်ငံ ဗဟိုဘဏ်က ငွေကြေး မူဝါဒပိုင်း ဆိုင်ရာ ပြုပြင် ထိန်းသိမ်းရန်ရှိ

တရုတ်နိုင်ငံတော် ဗဟိုဘဏ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိက စားကုန် ဖြစ်သော ဝက်သား ဈေးနှုန်းဟာ လတ်တလောတွင် မြင့်တက်လာခဲ့ပြီး ငွေကြေး ဖောင်းပွမှု ဖြစ်ရန် အစပျိုးနေသောကြောင့် ဗဟိုဘဏ် အနေဖြင့် ယခုနှစ် ဒုတိယ နှစ်ဝက် အတွင်း ငွေကြေး မူဝါဒ ပြုပြင် ထိန်းသိမ်းရန် ရှိကြောင်း အင်္ဂါနေ့က ပြောပါသည်။

တရုတ်နိုင်ငံ ဗဟိုဘဏ်က သင့်လျော်သော အဆင့်တစ်ခုတွင် ငွေပေါ်လွယ်မှု တည်ရှိနေစေရန် ပြောင်းလွယ် ပြင်လွယ် ဖြစ်သော ငွေကြေးပိုင်းဆိုင်ရာ မူဝါဒများအား ထိန်းသိမ်း ထားလိမ့်မည့် အကြောင်း အွန်လိုင်း သတင်း ထုတ်ပြန်ချက် တစ်ခုတွင် ပြောထားပါသည်။

ဝက်သား ဈေးနှုန်းသည် စားသုံးသူ ဈေးနှုန်း ညွှန်းကိန်း (CPI) ၏ ၂.၉ ရာခိုင်နှုန်း ရှိလာပြီး မတ်လကထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်သွားခြင်း ဖြစ်သည်။ စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းသည် ပထမ နှစ်ဝက်တွင် ၁.၃ ရာခိုင်နှုန်း သာ မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်က ငွေချေး လုပ်ငန်းဆိုင်ရာ တိုးမြှင့်ရေး၊ ငွေရေးကြေးရေး ကုန်ကျစရိတ် နည်းပါးရေး၊ ယွမ်ငွေ တည်ငြိမ် ရေး၊ ငွေကြေးဈေးကွက် တည်ငြိမ်ရေး၊ အိမ်ခြံမြေ လုပ်ငန်း မြှင့်တင်ရေး စသည်တို့ကို ဆက်ပြီး လုပ်ဆောင်သွားမည်ဟု ပြောပါသည်။

ဗဟိုဘဏ် အနေဖြင့် ဘဏ်ခွဲ ဥက္ကဋ္ဌများ ပါဝင်သော အစည်းအဝေးအား သြဂုတ်လဆန်းပိုင်းတွင် ပြုလုပ်ရန်ရှိပြီး ကျန်ရှိသော ဒုတိယနှစ်ဝက် အတွက် အဓိက လုပ်ငန်း တာဝန်များအား အသေးစိတ် အစီအစဉ် ဆွဲရန် ရှိကြောင်း သိရပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117