Connect with us

Politics & Security

အခြေခံ အဆောက်အဦး ပိုမိုလိုအပ်သော ဖွံ့ဖြိုးဆဲ နိုင်ငံများအား ထောက်ပံ့ပေးရန် တရုတ် ကတိပြု

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တရုတ်-အာဆီယံ ဝန်ကြီးများ အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲသို့ သြဂုတ်လ ၅ ရက်နေ့တွင် တက်ရောက်စဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှ နိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အလိုအပ်ဆုံး ဖြစ်သော အခြေခံ အဆောက်အဦးများကို တရုတ်နိုင်ငံမှ ထောက်ပံ့ပေးရန် ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ပြောသည်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်သော တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်က အခြေခံ အဆောက်အဦး တည်ဆောက်ခြင်းနှင့် ကုန်ထုတ်လုပ်မှု စွမ်းအား၌ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ခြင်းများသည် ၂၁ ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကြီးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့ကြား ပူးပေါင်း ဆောင်ရွက်မှု၏ ဦးစားပေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အာဆီယံ နိုင်ငံများသည် စက်မှု လုပ်ငန်းများတွင် မတူညီသော အဆင့်များ ရှိခြင်းကို နားလည် သဘောပေါက် ထားကြောင်း ဝန်ကြီးက ပြောသည်။ တရုတ် နိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုတွင် အခြေခံ အဆောက်အဦး နှင့် စက်မှုလုပ်ငန်း ထုတ်လုပ်နိုင်စွမ်းများ အတွက် ထောက်ပံ့ရန် ပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံ၏ လိုအပ်ချက် ကို ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ ဒါဟာ အရည်အသွေး မြင့်မြင့်နှင့် ရေရှည် တည်တံံ့ရေး အတွက်ပါ” ဟု ဝမ်က ပြောသည်။

ယင်းသို့ ပူးပေါင်း ဆောင်ရွက်သည့် အခါတွင်လည်း တရုတ်နိုင်ငံ အနေဖြင့် အခြား တိုင်းပြည်များနှင့် ယှဉ်ပြိုင်လိုသော ရည်ရွယ်ချက် မရှိကြောင်း ဝမ် က ဆိုသည်။ နိုင်ငံများ အနေဖြင့်လည်း တိုင်းပြည်၏ အကျိုးကျေးဇူးနှင့် တိုင်းပြည်ရေးရာများ အပေါ် အာရုံထားပြီး အပြည့်အဝ လုပ်ဆောင်သင့်ကြောင်း ဝမ် က ပြောပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117