Connect with us

Africa & Middle East

အီရတ် နိုင်ငံ မြို့တော် တွင် ကားဗုံး ဖောက်ခွဲမှု ထပ်မံ ဖြစ်ပွားကာ ၄၅ ဦး သေဆုံးကာ ၅၆ ဦးဒဏ်ရာရရှိ ခဲ့ရ

အီရတ် နိုင်ငံ တွင် ဖေဖော်ဝါရီ ၁၅ ရက် နေ့က ဖြစ်ပွား ခဲ့သည့် ကားဗုံး တိုက်ခိုက်မှု ဖြစ်ပွားရာနေရာအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့၌် မြို့တော် ဘဂ္ဂဒက် တွင် ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၅ ဦးသေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း အခင်း ဖြစ်ပွားသည့် နေ့က ထုတ်ပြန် ခဲ့သည်။

အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင် တစ်ဦး က တိုက်ခိုက်မှုသည် ဘဂ္ဂဒက်မြို့ အနောက်တောင်ပိုင်း ရှိ ကားရောင်းဝယ်ရေး ပြုလုပ်သည့် နေရာ တွင် ဖြစ်ပွားခဲ့ကြောင်း ၊ အကြမ်းဖက် တိုက်ခိုက်သူ သည် ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့် သယ်ဆောင်ထားသည့် ကားကို လူထူထပ် သည့် နေရာသို့မောင်းနှင်ကာ ကားကို ထားခဲ့ပြီး ဖောက်ခွဲခဲ့သောကြောင့် အများအပြား သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့ခဲ့ပြီး လူနာများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

IS အကြမ်းဖက် တပ်ဖွဲ့သည် လတ်တလော ရက်ပိုင်းတွင် အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တွင် အကြမ်းဖက် တိုက်ခိုက်မှု များ ဆက်တိုက် ပြုလုပ် ခဲ့သည်။ အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင်လည်း အသေခံ ကားဗုံး ဖောက်ခွဲမှု ဖြင့် တိုက်ခိုက်ခံရပြီး အနည်းဆုံး ၉ ဦးသေဆုံး ကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိချိန်ထိ ယခု ဖြစ်ပွားခဲ့သော ကားဗုံး တိုက်ခိုက်မှု နှစ်ခု ပြုလုပ်ခြင်းကို မည်သည့် အဖွဲ့အစည်း ကမျှ ဝန်ခံခြင်း မရှိသေးကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117