Connect with us

Environment, Disasters & Accidents

လာနီညာဖြစ်စဉ်ကြောင့် ဇွန်လအတွင်း ပုံမှန်မိုးရာသီထက် မိုးရွာသွန်းမှုပိုများနိုင်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျနေသည်ကို မေ ၂၅ရက်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ဇွန်လအတွင်းအား အနည်းငယ်ရှိသော လာနီညာအဆင့်တွင် ရှိနိုင်သောကြောင့် ပုံမှန်မိုးရာသီထက် မိုးရွာသွန်းမှုများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဇွန် ၁ရက်တွင်ပြောသည်။ဦးလှထွန်းက “ လာနီညာရဲ့ သဘောတရားအရတော့ ပုံမှန်မိုးထက် မိုးရွာသွန်းမှုများတယ်။ အဲဒီတော့ မိုးများမယ့် အနေအထားတော့ရှိတယ်။ ဒါပေမယ့် လာနီညာရဲ့ အင်အားပေါ်တော့ မူတည်တာပေ့ါ’’ ဟုပြောသည်။

(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာ အခြေအနေသို့ ရောက်ရှိနေကြောင်း၊လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းတို့ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

“လာနီညာဖြစ်စဉ်ကြောင့် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သလို မုန်တိုင်းလည်း ဖြစ်နိုင်တော့ သတိပြုဖို့ လိုအပ်ပါတယ်’’ ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117