Connect with us

Education & Health

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများ နှင့်ယှဉ်လျှင် ဆရာဝန် အင်အား နည်းပါနေကြောင်း WHO ထုတ်ပြန်

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ပြည်သူ ၁၀,၀၀၀ လျှင် ဆရာဝန် ၆.၁ ဦးသာ ရှိသည့် အတွက် ဒေသတွင်း အခြားနိုင်ငံများ နှင့်ယှဉ်လျှင် ဆရာဝန် အင်အား နည်းပါးနေကြောင်း WHO ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဗီယက်နမ် နိုင်ငံတွင် ပြည်သူ ၁၀,၀၀၀ လျှင် ဆရာဝန် ၁၁.၉ ဦး ၊ စင်ကာပူတွင် ပြည်သူ ၁၀,၀၀၀ လျှင် ဆရာဝန် ၁၉.၅ ဦး၊ ဂျပန်နိုင်ငံတွင် ပြည်သူ ၁၀,၀၀၀ လျှင် ဆရာဝန် ၂၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအား ချမှတ်ခဲ့ပြီး ဖြစ်ရာ အခြေအနေမှာ တိုးတက် ပြောင်းလဲလာမည်ဟု ယူဆရကြောင်း ၎င်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ကျန်းမာရေး အသုံးစရိတ်ကို ၅၉၂.၃ သန်း ခွင့်ပြုခဲ့သည့် အတွက် ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117