Connect with us

Media

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် နှစ်ပေါင်းတစ်သန်းသက်တမ်းရှိသော မတ်ရပ်လူ (Homo erectus) ၏ ဦးခေါင်းကျောက်ဖြစ်ရုပ်ကြွင်း တူးဖော်တွေ့ရှိ

စီယန့်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

စီယန့်မြို့ ဟူပေပြည်နယ်၊ တရုတ်နိုင်ငံ “အမှတ် ၃ ယွင်ရှန့်လူသား ဦးခေါင်းခွံ” ကျောက်ဖြစ်ရုပ်ကြွင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီး ယင်းဦးခေါင်းခွံကို ပြုပြင်ခြင်းနှင့် သုတေသနပြုခြင်း စတင်လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဦးခေါင်းခွံက မတ်ရပ်လူ (Homo erectus) ဆင့်ကဲပြောင်းလဲမှုနှင့် အရှေ့အာရှ၌ ၎င်း၏ မူလဇစ်မြစ်နှင့် ဖြစ်ပေါ်တိုးတက်မှုအတွက် အရေးပါသောသက်သေကို ပံ့ပိုပေးမည်ဖြစ်သည်။

ထိုဦးခေါင်းခွံကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကျောက်ခေတ် လေ့လာစူးစမ်းရေးနေရာအနီး မေ ၁၈ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနေရာ၌ပင် နှစ်ပေါင်း ၈၀၀,၀၀၀ မှ ၁.၁ သန်းကာလမှ ပထမနှင့် ဒုတိယ ဦးခေါင်းခွံများကို ၁၉၈၉ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်၌ အသီးသီး တူးဖော်တွေ့ရှိခဲ့သည်။

ဦးခေါင်းခွံအနီးဝန်းကျင်ရှိ ကျောက်တုံးကို ဖယ်ရှားရန်နှင့် တိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကျောက်တုံးများမှ လူသားကျောက်ဖြစ်ရုပ်ကြွင်းများကိုခွဲခြားရန် အချိန် ၆ လကြာမြင့်ခဲ့သည်။

အဆိုပါ ဦးခေါင်းခွံအသစ်သည် မတ်ရပ်လူ (Homo erectus) ဆင့်ကဲပြောင်းလဲမှုနှင့် အရှေ့အာရှ၌ ၎င်း၏ မူလဇစ်မြစ်နှင့် ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ အရေးပါသောသက်သေကို ပံ့ပိုပေးမည်ဟု သုတေသီများက ဆိုသည်။

ကောင်းမွန်စွာထိန်းသိမ်းထားသော တတိယမြောက်ဦးခေါင်းခွံ ပထမရှာဖွေတွေ့ရှိထားသော ဦးခေါင်းခွံနှစ်ခု၏ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ သုတေသနကွာဟချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ယင်းနေရာ၌ တွေ့ရှိရသော ကျောက်တုံးများက ယွင်ရှန့်လူသားသည် အမဲလိုက်နိုင်စွမ်းရှိသလို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအကြာက လက်နက်ကိရိယာများကို အသုံးပြုခဲ့ကြောင်းကိုလည်း သက်သေပြလျက်ရှိသည်။ (Xinhua)

……………………………………..

(English Version)

Million-year-old fossilized skull of Homo erectus excavated in central China
Shiyan City
Hubei Province, China
The fossilized “No. 3 Skull of Yunxian Man” has been successfully unearthed, and researchers have begun to repair and research it. It will provide important evidence for the evolution of the Homo erectus and its origin and development in East Asia.
The skull is believed to be the most intact Homo erectus specimen of its age found in inland Eurasia.

It was discovered on May 18 at anearly Paleolithic period site in central China’s Hubei Province.
In the same place, the first and second skulls dating back 800,000 to 1.1 million years. Were respectively unearthed in 1989 and 1990.
It took archaeologists six months to remove the rock surrounding the skull and separate the human fossils from animal fossils and stone items.
Researchers said the new skull will provide important evidence for the evolution of Homo erectus and its origin and development in East Asia.
The well-preserved third skull will fill the research gap left by the deformed natures of the first two.
A significant number of stones tools found at the site have also proved the Yunxian Man was able to hunt, making and using tools millions of years ago.