Connect with us

Politics & Security

အာဆီယံ သမိုင်း တလျှောက်တွင် ၂၀၁၅ ခုနှစ်သည် မှတ်တိုင် တစ်ခု ဖြစ်လာမည် ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား

မလေးရှားဝန်ကြီးချုပ် Najib Razak အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးချိန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အာဆီယံ အသိုက်အဝန်းသည် ၂၀၁၅ ခုနှစ် နှောင်းပိုင်း ဒီဇင်ဘာတွင် အကောင်းအထည်ပေါ် လာမည်ဖြစ် သောကြောင့် အရှေ့တောင် အာရှနိုင်ငံများ (အာဆီယံ) သမိုင်း တလျှောက်တွင် ယခုနှစ် သည် မှတ်တိုင် တစ်ခု ဖြစ်လာမည်ဟု မလေးရှား ဝန်ကြီးချုပ် Najib Razak က ဧပြီလ (၂၇) ရက်တွင် ပြောကြားသည်။

၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲတွင် ဝန်ကြီးချုပ် Najib သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်းကို အကောင်အထည် ဖော်မည့် လမ်းပြမြေပုံကို ဖော်ထုတ်ရမည် ဖြစ်သည်ဟု ဆိုသည်။ ထို လမ်းပြမြေပုံကို အခြေခံ၍ လာမည့် ၁၀ နှစ်ကျော်တွင် အဖွဲ့ဝင် ၁၀ နိုင်ငံ အနေဖြင့် ညီညွတ်စွာ လေးလေးနက်နက် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည် ဟုပြောသည်။

အာဆီယံ အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာတွင် နိုင်ငံရေးနှင့် ဆိုင်ရာ အဖွဲ့ အစည်း အနေဖြင့် ပိုမိုအရေးပါသော အခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်းနှင့် လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပကာ “ ASEAN People” ဆုကို ချီးမြှင့် ဂုဏ်ပြု သွား မည် ဖြစ်ကြောင်း ၎င်းကဆို သည်။

အာဆီယံသည် နိုင်ငံရေးအရ ပိုမို ညီညွတ်သင့်ကြောင်း၊ ယခုအခါတွင် အာဆီယံ သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် ပို့ကုန် တင်ပို့မှုတွင် စတုတ္ထ အကြီးဆုံး ဖြစ်လာကာ ပြီးခဲ့သည့် ၁၀ စုနှစ်တွင် ကုန်သွယ်မှု ၃ ဆ တိုးတက်ခဲ့ကြောင်း၊ အာဆီယံ အလားအလာက ဒီအတိုင်း ဆက်သွားရင် နှစ်စဉ် ၅.၆ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး ၂၀၅၀ ခုနှစ် မှာ ကမ္ဘာ့ စီးပွားရေးမှာ စတုတ္ထ အကြီးဆုံး ဖြစ်လာနိုင်ကြောင်း OECD က ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

အာဆီယံကို ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဘရှုနိုင်း၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ် တို့ ပါဝင်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117