Connect with us

Politics & Security

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပ


နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အေဆမ်(ASEM) နှင့် ပတ်သတ်၍ ပြည်တွင်း နှင့် နိုင်ငံတကာတွင် လက်ရှိ နည်းအမျိုးမျိုးဖြင့် ကြုံတွေ့ နေရသည့် အကြမ်းဖက်မှုများ ၊ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် ခိုင်မာသည့် မိတ်ဖက် ဆောင်ရွက်မှုများ လိုအပ်နေကြောင်း ၊ ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရရှိရန် မိတ်ဖက် ဆောင်ရွက်မှုမှာ အရေးကြီးသည့် အတွက် ယခု အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အစိုးရ အချင်းချင်း သာမက ပုဂ္ဂလိက ကဏ္ဍများ ၊ လူမှု အဖွဲ့အစည်းများ အစရှိသည့် တစ်ဦးတစ်ယောက်ချင်း ကြားထဲတွင် ဆက်ဆံရေး တိုးမြှင့်သင့်ကြောင်း ၊ ယခု အေဆမ် ဆွေးနွေးပွဲတွင် အာရှ နှင့် ဥရောပမှ မူဝါဒ ရေးဆွဲသူများ အချင်းချင်း ကမ္ဘာလုံး ဆိုင်ရာ အကြောင်းအရာများကို အမြင်ချင်း ဖလှယ်၍ ရမည့် ကောင်းမွန်သည့် အခွင့်အရေးကြီး တစ်ရပ် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ သာမက နောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုများကို အေဆမ် ပူးပေါင်း ဆောင်ရွက်မှု မဏ္ဍိုင် ၃ ရပ်နှင့် အညီ ဆွေးနွေးသွားမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အတူ ၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ဖိလစ်ပိုင် ၊ ပါကစ္စတန် ၊ EU ၊ အက်စတောနီးယား နိုင်ငံများမှ ညှိနှိုင်းရေးမှူးများက အဖွင့် မိန့်ခွန်းများ ပြောကြားခဲ့ပြီး 8th Model ASEM မှ လူငယ် ကိုယ်စားလှယ် ၂ ဦးတို့က အေဆမ် လုပ်ငန်းစဉ်များ အပေါ် ၎င်းတို့၏ အမြင်များအား ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပထမနေ့တွင် ငြိမ်းချမ်းရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ၊ ရာစုနှစ် ၃ စု အတွင်း အေဆမ်၏ ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန် ကောင်းလာစေရန် ကြိုးပမ်းခြင်း ခေါင်းစဉ်များဖြင့် မျက်နှာစုံညီ ဆွေးနွေးမှုများ ပြုလုပ်သွားကြမည် ဖြစ်ကြောင်း သိရသည်။

အေဆမ်၌ ယခုလက်ရှိတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၃ဝ၊ အာရှမှ ၂၁ နိုင်ငံ စုစုပေါင်း အဖွဲ့ဝင် ၅၁ နိုင်ငံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဥရောပ ကော်မရှင်တို့ ပါဝင်လာသည့်အတွက် အဖွဲ့ဝင် ၅၃ ဖွဲ့ ရှိကြောင်း သိရသည်။

အေဆမ်၏ အဓိက အခြေခံမူ သုံးရပ်မှာ တန်းတူမိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်လေးစားမှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတို့ ဖြစ်ပြီး အေဆမ်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးမဏ္ဍိုင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အေဆမ်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း တန်းတူညီမှုနှင့် အပြန် အလှန် နားလည်မှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117