Connect with us

Politics & Security

တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံအရေး တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိ (ဝဲ) နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသော မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခြောက်ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဆက်စပ်အစည်းအဝေး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ဝမ်က ထိုင်းနိုင်ငံသည် ကမ္ဘာနှင့် ဒေသတွင်း ရေးရာများ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို မှတ်ချက်ပြုခဲ့သလို ထိုင်းနိုင်ငံ၏ လူမှုရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရသည် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း သံတမန်ဆက်ဆံရေးနှင့် ကောင်းမွန်၍ အစဉ်အလာရှိခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးသဘောတူညီချက် “Jeen Thai Phee Nong Gan” အား ဆက်လက် စောင့်ထိန်းရေးကို ဦးစားပေးကာ ထိုင်းနိုင်ငံနှင့် အဆင့်မြင့် ဖလှယ်မှုများ ထိန်းသိမ်းခြင်း၊ တရုတ်-ထိုင်း မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ခြင်းအား မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် ထိုင်း အရှေ့ စီးပွားရေးစြင်္ကံ တိုးတက်ရေးတွင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှာဖွေခြင်း စသည်တို့အား ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ကလည်း ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်မှုအား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပါသော အောင်မြင်မှု မြင်တွေ့ခဲ့ရပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည် ဖြစ်ပြီး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲမြှင့်တင်ရန် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို မျှော်လင့်ပါကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.