Connect with us

Politics & Security

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အား မလေးရှား နိုင်ငံ တွင် စတင်ကျင်းပ

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ဘူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ ( အာဆီယံ) အသင်း ထိပ်သီး ဆွေးနွေးပွဲကို နိုဝင်ဘာ လ ၂၁ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် စတင်ကျင်းပ ခဲ့ပြီး အစည်းအဝေး တွင် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် နှင့် အနာဂတ် အာဆီယံ ၁၀ နှစ် စီမံကိန်း နှင့် ပတ်သက်၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်သည့် မလေးရှား နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က ယခု အကြိမ် အာဆီယံ အစည်းအဝေး သည် သမိုင်းဝင် အစည်းအဝေး တစ်ခု ဖြစ်ပြီး အာဆီယံ အနေဖြင့် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှ စတင်၍ အာဆီယံ အသိုက်အဝန်း တည်ဆောက်တော့ မည် ကို ကြေညာ မည် ဖြစ်ကြောင်း ၊ အာဆီယံ အဖွဲ့အစည်းအား ၁၉၆၇ ခုနှစ်မှ စတင်တည် ထောင်ခဲ့ပြီး အဘက်ဘက်မှ အလေးထား စောင့်ကြည့်မှု ကိုခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဒေသတွင်း GDP သည် အမေရိကန် ဒေါ်လာ ၂၆၀ ဘီလီယံ ကျော်အထိ ရောက်ရှိ လာခဲ့ကြောင်း ၊ အာဆီယံ ဒေသတွင်း နိုင်ငံ များ၏ ကုန်သွယ်မှု သည်လည်း လွှတ်လပ်စွာ ကုန်သွယ်မှု ကို ဆောင်ရွက်နေပြီး အခွန်ကောက်ခံမှု သည်လည်း အနည်းဆုံး သုည အထိ နိမ့်ချ ခဲ့ကာ သုည နှင့် အလွန်နီးကပ်သော အခွန်ကောက်ယူမှု ကိုတာ ကောက်ခံ ခဲ့ကြကြောင်း ၊ အာဆီယံ နိုင်ငံ များအနေဖြင့် အာဆီယံ ပွဲတော်ကို သက်မှတ်ကာ အာဆီယံ နိုင်ငံ များ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် တွန်းအား ပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် အာဆီယံ နိုင်ငံ များအနေဖြင့် ဘက်စုံ ပူပေါင်း ဆောင်ရွက်မှု များပြုလုပ်ကာ အကြမ်းဖက်မှု များကို ကာကွယ်သွားရမည် ဖြစ်ကြောင်း ကိုပြောကြား ခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံ များ အဖွဲ့အစည်း အား ၁၉၆၇ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် အင်ဒိုနီးရှား ၊ ထိုင်း ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ မလေးရှား ၊ ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား နှင့် မြန်မာ စသည့် နိုင်ငံ ပေါင်း ၁၀ နိုင်ငံ ပါဝင် ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117