Connect with us

Social & Culture

ထိုင်းနိုင်ငံတွင် သြင်္ကန်ကာလ အတွင်း ယာဉ်မတော်တဆမှုဖြင့် ၄၄၂ ဦး သေဆုံးပြီး ၃,၆ဝဝ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဆွန်ကရမ် ( သြင်္ကန်) ပွဲတော်ကို ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနေစဉ် ( ဆင်ဟွာ )

ဘန်ကောက် ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

ထိုင်းနိုင်ငံတွင် သြင်္ကန် ( ဆွန်ကရမ် ) ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုဖြင့် လူပေါင်း ၄၄၂ ဦး သေဆုံးကြောင်း အစိုးရအဖွဲ့က ဧပြီလ ၁၈ ရက်တွင် သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ယာဉ်လမ်း ဘေးအန္တရာယ် ကာကွယ်ရေး နှင့် ထိခိုက်ဒဏ်ရာရမှု လျော့ပါးရေး စင်တာ၏ ထုတ်ပြန်ချက်အရ သြင်္ကန်ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံအတွင်း၌ ယာဉ်မတော်တဆမှု ပေါင်း ၃,၄၄၇ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၄၂ ဦး ရှိခဲ့ပြီး ၎င်းထဲမှ ၃၄ ရာခိုင်နှုန်းသည် အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းကြောင့် နှင့် ၃၃ ရာခိုင်နှုန်း မှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ဟု သိရသည်။
သြင်္ကန်ကာလ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် ယာဉ် မတော်တဆမှုကြောင့် စုစုပေါင်း ထိခိုက် ဒဏ်ရာရသူ ၃,၆၅၆ ဦး ရှိခဲ့ကြောင်း စာရင်း ထုတ်ပြန်ချက်အရ သိရသည်။ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့နှင့် Nakorn Ratchasima ပြည်နယ်များတွင် သေဆုံးသူပေါင်း ၁၉ ဦးစီဖြင့် အများဆုံး ရပ်တည်ခဲ့ပြီး ချင်းမိုင်ပြည်နယ်တွင် ဒဏ်ရာရသူပေါင်း ၁၇၅ ဦးဖြင့် ထိခိုက်ဒဏ်ရာရသူ စာရင်းတွင် အများဆုံး ရပ်တည်ခဲ့သည်။
လမ်းလုံခြုံရေးစင်တာ၏ ထုတ်ပြန်ချက်အရ ဆွန်ကရမ် ပွဲတော်အတွင်း ယာဉ်မတော်တဆ ဖြစ်သူများ ၏ ၈ဝ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ် မောင်းသူများ နှင့် လိုက်ပါ စီးနင်းသူများဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ အာဏာပိုင်များက ဆိုင်ကယ် စီးနင်းသူများကို ပုံမှန်အားဖြင့် အရက် ၅၀ မီလီဂရမ် သောက်သုံးခွင့် ပြုထားရာမှ သြင်္ကန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်မှု လျော့ပါးစေရေးအတွက် ၂ဝ မီလီဂရမ် အထိ သာ သောက်သုံးခွင့် ပြုထားကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.