Connect with us

China

ဖျူးစ်စနစ် မှားယွင်းမှုကြောင့် မာစီဒီး-ဘန့်ဇ်ကား တရုတ် ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူမည်

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဂျာမန် မာစီဒီး-ဘန့်ဇ်ကား ထုတ်လုပ်သူများသည် ဖျူးစ် (fuse) ပြဿနာ ဖြစ်နေသည့် တရုတ်နိုင်ငံ သို့တင်ပို့ပြီး ဖြစ်သော ကားစီးရေ ၁၅၀ အား ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်လည် သိမ်းယူမည်ဟု တရုတ် ထိပ်တန်း အရည်အသွေး ကြီးကြပ်သူက ပြောပါသည်။

အရည်အသွေး ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အပြစ်အနာအဆာ ရှာဖွေခြင်း ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့မှ အဆိုပါ ကားများတွင် ခရီးသည်ဘက်ခြမ်းရှိ ဖျူးစ်ဘောက်စ် အတွင်း၌ တပ်ဆင်ထားသော ဖျူးမှာ မှားယွင်းစွာ တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ပြင်းထန်သော အခြေအနေများတွင် ဖျူးစ်များ ချို့ယွင်းချက်များ ဖြစ်နိုင်ပြီး လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိ နိုင်ပါသည်။

ပြန်လည် သိမ်းယူမည့် ယာဉ်များသည် GLA, A နှင့် B စီးရီးဝင်များ ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်လုပ်ထားသော ကားများ ဖြစ်သည်။

မာစီဒီး-ဘန့်ဇ် အရောင်း ကိုယ်စားလှယ်များသည် ကားများအား စစ်ဆေးပြီး ချို့ယွင်းနေသော အစိတ်အပိုင်းများအား အခမဲ့ အစားထိုးပေးမည်ဟု သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.