Connect with us

China

ဇင်ဘာဘွေတွင် မဂ္ဂါဝပ် ၆၀၀ ထုတ်နိုင်မည့် ကျောက်မီးသွေးသုံး စက်ရုံ တည်ဆောက်ရန် တရုတ်ကုမ္ပဏီ စာချုပ်ချုပ်

တရုတ်နိုင်ငံ စန်းရှီးပြည်နယ် စူးကျိုးမြို့ရှိ ကျောက်မီးသွေးသုံး စက်ရုံ တစ်ရုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟာရာရီ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ၏ စွမ်အင် ရှားပါးမှုအား လျော့ပါးစေရန် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်သော ကျောက်မီးသွေးသုံး စက်ရုံ တစ်ရုံကို ဇင်ဘာဘွေ နိုင်ငံ အနောက်မြောက်ပိုင်း၌ တည်ဆောက်ရန် ဇင်ဘာဘွေ နိုင်ငံရှိ ပုဂ္ဂလိက စွမ်းအင် ထုတ်လုပ်သူနှင့် တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (China State Construction Engineering Corporation=CSCEC) တို့ ကြာသပတေးနေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပါသည်။

လူဆူလူ (Lusulu) ကျောက်မီသွေး စက်ရုံ တည်ဆောက်ရေး ပထမအဆင့်အား ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စတင်ရန် ရှိပြီး အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ ကုန်ကျနိုင်ကြောင်း စာချုပ်အရ သိရပါသည်။ ပန်-အာဖရိကန် စွမ်းအင် ရင်းမြစ် ဖြစ်သော လူဆူလူ၏ ဥက္ကဋ္ဌ စတူးဝပ် ပယ်ရီ က ဒါဟာ မဂ္ဂါဝပ် ၂,၀၀၀ ထိ ထုတ်လုပ်ရန်ရှိသော လူဆူလူ စွမ်းအင် တည်ဆောက်ရေး၏ အဆင့်လေးဆင့် အထဲမှ ပထမအဆင့် ဖြစ်ကြောင်း လက်မှတ် ရေးထိုးခြင်း အခမ်းအနား၌ သတင်းထောက်များအား ပြောပါသည်။

စီမံကိန်း ပထမအဆင့်တွင် လမ်းတည်ဆောက်ခြင်း၊ ထပ်ဆင့် ထုတ်လွှတ်မည့် လိုင်းများ၊ ဆက်စပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်ပြီး ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက် အတွင်း ပြီးစီးရန် အကြမ်းဖျဉ်း လျာထားပါသည်။

ဇင်ဘာဘွေ ဘဏ္ဍာရေး ဝန်ကြီး ပက်ထရစ် ချီနာမာစာ (Patrick Chinamasa) က စွမ်းအင် ပရောဂျက်သည် ဇင်ဘာဘွေ နိုင်ငံ အနောက် မြောက်ဘက် ဘင်ဂါတွင် တည်ရှိပြီး စက်ရုံ လည်ပတ်ရန် အနီးဝန်းကျင်တွင် ရှိသော ကျောက်မီးသွေးအား အသုံးပြုမည် ဖြစ်ကြောင်း၊ ရရှိလာသော စွမ်းအင်များအား မဟာ ဓာတ်အားလိုင်းမှ ပို့လွှတ် မည်ဖြစ်ကြောင်း ပြောပါသည်။
“ ဒီစီမံကိန်းဟာ ဘင်ဂါ ဖွံဖြိုးမှုအတွက် အရေးကြီးသလို စီမံကိန်း ဒေသအတွင်း နှင့် စက်ရုံပတ်ဝန်းကျင်တွင် ကြီးမားသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုး လာနိုင်တယ်” ဟု သူက ပြောပါသည်။

အဆိုပါ စီမံကိန်းသာ အကောင်အထည် ပေါ်လာရင် တိုင်းပြည်တွင်း စွမ်းအင် ရရှိမှုတွေ မြင့်တက်လာမှာ ဖြစ်သလို စွမ်းအင် ကျပ်တည်းမှုများ ကိုလည်း လျှော့ချ ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။
ဇင်ဘာဘွေ နိုင်ငံသည် ဆယ်စုနှစ် တစ်ခုကျော်ကြာ စွမ်းအင် ရေရှည်ရှားပါမှု ပြဿနာအား ရင်ဆိုင် နေရခြင်း ဖြစ်သည်။ ပြည်တွင်း လျှပ်စစ် လိုအပ်ချက် မဂ္ဂါဝပ် ၂,၂၀၀ ရှိသော်လည်း လတ်တလောတွင် မဂ္ဂါဝပ် ၁,၁၀၀ သာ ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

ဇင်ဘာဘွေနိုင်ငံသည် ပြီးခဲ့သော နှစ်ကလည်း တရုတ်ကုမ္ပဏီ Sino-Hydro နှင့် မဂ္ဂါဝပ် ၃၀၀ ပိုမို ထုတ်လုပ်နိုင်ရန် ဒုတိယ အကြီးဆုံး စွမ်းအင် စက်ရုံတိုးချဲ့ရေး စာချုပ်ချုပ်ခဲ့ပါသေးသည်။ ထိုစီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117