Connect with us

China

ဘဏ်များ အတွက် အကျိုးဆောင်လိုင်စင် ခွင့်ပြုရန် တရုတ် ရှေ့ပြေး စမ်းသပ်

ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော် ဗဟိုဘဏ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကုန်သွယ်မှု ဘဏ်များအား စတော့ရှယ်ယာ အကျိုးဆောင် လိုင်စင်ကို တရားဝင် လုပ်ကိုင်ခွင့် ပြုရန်ရှိပြီး ငွေထုတ်ချေးသူများအား စီးပွားရေး လုပ်ငန်း ပေါင်းစပ် လုပ်ကိုင်မှုကို ပြုပြင် ပြောင်းလဲရေးဆိုင်ရာ စမ်းသပ်မှု အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စီးပွားရေး စောင့်ကြည့်သူက ဆင်ဟွာသို့ ပြောသည်။

တရုတ် အစိုးရအဖွဲ့သည် စတော့ရှယ်ယာ အကျိုးဆောင်လိုင်စင်များကို ဘဏ် အတော်များများသို့ အစမ်းသဘောနှင့် လုပ်ကိုင်ခွင့် ပြုပေးနိုင်ဖွယ် ရှိကြောင်း ယခုကိစ္စနှင့် နီးစပ်သူ တစ်ဦးက ပြောပါသည်။ခွင့်ပြုနိုင်မည့် အချိန်ကို အသေးစိတ်ကို ပြောထားခြင်း မရှိသော်လည်း အစမ်းသဘော လုပ်ကိုင်ခွင့် ပြုမည်ဆိုရာတွင် တရားဝင် လုပ်ကိုင်ခွင့်အတွက် ဥပဒေများ မပြောင်းလဲမီ အချိန်အတော အတွင်းတွင် ဖြစ်နိုင်ကြောင်း သိရပါသည်။

လုပ်ငန်းများကို စမ်းသပ်လုပ်ကိုင်ရန် အရင်ခွင့်ပြုပြီး ဥပဒေကို နောက်မှ ပြဋ္ဌါန်းတာဟာ နိုင်ငံတကာမှာတော့ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်ကြောင်း Sinolink ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေးက အစောပိုင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

လက်ရှိ ဥပဒေတွင် ကုန်သွယ်မှု ဘဏ်များဥပဒေတွင် ငွေထုတ်ချေးသူအား ယုံကြည်အပ်နှံငွေနှင့် အကျိုးတော်ဆောင် လုပ်ငန်း တာဝန်တွေ လုပ်ကိုင်ခွင့် ကို တားမြတ်ထားသည်။ အဆိုပါ ဥပဒေအား ပြင်ဆင် ရေးဆွဲထားသော ဥပဒေ မူကြမ်းကို နိုင်ငံတော် ကောင်စီမှ ဇွန်လအတွင်း ခွင့်ပြုခဲ့ပြီး တိုင်းပြည်၏ အမြင့်ဆုံး ဥပဒေပြု လွှတ်တော်တွင် ပြန်လည် သုံးသပ်ရန်ရှိ ဖြစ်ကြောင်း သိရသည်။

ဘဏ်များအပေါ် ကန့်သတ်ထားမှုများ ဖယ်ရှားသင့် ၊ မသင့် နှင့် ပတ်သက်၍ ဥပဒေ ပြင်ဆင်နေသော အချိန်အတွင်း အငြင်းပွားမှုများ ရှိနေသော်လည်း ထွက်ပေါ်လာမည့် နောက်ဆုံးမူကြမ်းသည် ဘဏ်များအား စီးပွားရေးလုပ်ငန်း ပေါင်းစပ် လုပ်ကိုင်ခွင့် လိုင်စင်ချထား ပေးမှုဆိုင်ရာ ယေဘုယျ ညွှန်ကြားချက်များ ပါဝင် နိုင်ခြေ ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုပါသည်။

ပြဋ္ဌါန်းထားသော တရုတ်နိုင်ငံ ငွေချေး သက်သေခံ လက်မှတ်ဆိုင်ရာ ဥပဒေအရ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ ယုံကြည်အပ်နှံငွေ၊ အာမခံ လုပ်ငန်းများကို သီးခြားစီလုပ်ကိုင်ရမည် ဖြစ်သည်။ ထိန်းသိမ်း လည်ပတ်ထားတာ ဖြစ်ပါသည်။ တရုတ် ယွမ်ငွေသုံး အေရှယ်ယာ ဈေးကွက်တွင် စာရင်းဝင်သော ကုန်သွယ်မှုဘဏ် ၁၆ ခုရှိသည့် အထဲမှ နိုင်ငံပိုင် ထိပ်တန်း ဘဏ်လေးခု အပါအဝင် ဘဏ်ခြောက်ခုသည် စတော့ ရှယ်ယာ အကျိုးတော်ဆောင် လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည်။

သို့သော်လည်း ဟောင်ကောင်မှာတော့ ဘဏ်အများစုသည် စတော့ရှယ်ယာ အကျိုးတော်ဆောင် လုပ်ကိုင်ပေးသော ဝန်ဆောင်မှုများအား အခြေခံအားဖြင့် ကန့်သတ် ထားပါသည်။လွန်ခဲ့သော ရက်သတ္တပတ်က တရုတ် စတော့ရှယ်ယာ ဈေးကွက် အတွင်း မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.