Connect with us

China

တရုတ်-ပါကစ္စတန် ဘဏ် ဝန်ဆောင်မှု စာချုပ် အကျိုးသက်ရောက်မှု ရှိလာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ် ရှရပ်ဖ် တို့ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်ဘတ် မြို့၌ ၂၀၁၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံများ၏ ဘဏ်လုပ်ငန်းများ အကြား ပူးပေါင်း ဆောင်ရွက်ရေး တိုးတက် ကောင်းမွန်လာမှုသည် သဘောတူညီချက် စာချုပ်ကြောင့် ပိုမို ထိရောက်မှု ရှိလာကြောင်း စီးပွားရေး ဝန်ကြီး ဋ္ဌာန (MOC) မှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ (FTA) ဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး သဘော တူညီချက်၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု စာချုပ်စာတမ်းအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပါကစ္စတန်သို့ အလည်အပတ် ရောက်ရှိခဲ့သည့် ဧပြီလတွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

၎င်းစာချုပ်သည် စီးပွားရေး လုပ်ငန်းများ အတွက် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ လွယ်ကူလာစေပြီး တရုတ်-ပါကစ္စတန် FTA ၏ ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ ဖြေလျှော့မှုများအား တိုးတက် လာစေကြောင်းနှင့် China-Pakistan Economic Corridor (CPEC) ကဲ့သို့သော အဓိကကျသည့် အစိုးရ စီမံကိန်းများ အဆင်ပြေ ချော့မွေ့စွာ လည်ပတ်နိုင်စေရန် အထောက်အကူ ပြုပေးနိုင်ကြောင်း MOC မှ ပြောကြားခဲ့သည်။

CPEC သည် လမ်းမကြီးများ၊ ရထားလမ်းများ၊ ပါကစ္စတန် အနောက်တောင်ပိုင်း ရှိ ဂွါဒါ ရေနက် ဆိပ်ကမ်း နှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း အူဂေါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တို့ကို ချိတ်ဆက် ပေးထားသည့် စွမ်းအင် စီမံကိန်း တို့ကို စီစဉ်ထားသော ကွန်ရက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117