Connect with us

Stock Market

စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေး လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများအား ဧပြီလတွင်ထုတ်ပြန်မည်

တရုတ်နိုင်ငံတွင် ဒေသခံများက အီလက်ထရောနစ် စတော့ဈေးနှုန်း ပြဇယားအား ကြည့်ရှူနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေး လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများအား ဧပြီလတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။

ဇန်နဝါရီလ (၁၉) ရက်မှ မတ်လ (၆) ရက်အထိ လျှောက်လွှာများအား လျှောက်ထားခွင့်ပြုခဲ့ပြီး ဧပြီလကုန်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

လုပ်ငန်း လိုင်စင် လေးမျိုးအား ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခု အတွက် ကျပ် ၁၅ ဘီလီယံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင် အတွက် ကျပ် ၁၀ ဘီလီယံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျက် ၇ ဘီလီယံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်းသိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းအား ပထမအရစ်အနေဖြင့် ငွေကျပ် ၃၂ ဘီလီယံ မတည်ရင်းနှီးမှု ပြုလုပ်မည်ဟု လျာထားပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ဆောင် သွားမည်ဖြစ်ကာ ယင်းသို့ ဖက်စပ် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုက်နှုန်း၊ ဂျပန်နိုင်ငံ ဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ရမည် ဖြစ်သည်။

ရန်ကုန် စတော့အိတ်ချိန်း လုပ်ငန်းများအတွက် သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာစနစ် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူကြောင်း ကြောင်းကြေညာချက်အား မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်မှ တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး မတ်လ (၂၅) ရက်တွင် တင်ဒါ ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေအား ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အား တည်ထောင်ရန် ဆောင်ရွက်လျက်ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117